အပိုင်း -၂၄

4.8K 480 46
                                    

Unicode

ရက်ပိုင်းအတွင်းဖြစ်ပျက်ခဲ့သည့်ကိစ္စတွေကလျင်မြန်လွန်းလှသည်။ ဒုက္ခ ရောက်နေချိန်မှာတော့ သူဌေးက အစစအရာရာ လိုလေသေးမရှိအောင်ကူညီပေးပါသည်။

မေမေတို့လည်းလုံခြုံတဲ့တနေရာမှာ ရှိနေပြီဖြစ်သည်။ အစကအိမ်ငှားလောက်သာ လုပ်ပေးခဲ့မယ်ထင်ပေမယ့် တကယ်တမ်း ကျတော့ အိမ်တစ်လုံးကို ဝယ်ပေးခဲ့တဲ့အထိ။

အမှန်တိုင်းပြောရရင် ထိုကဲ့သို့အကူညီအကြီးကြီးတွေကို ထယ်ယောင်းမလိုချင်ပါ။ အကြိမ်ကြိမ် ငြင်းပေမဲ့ အားနာလွန်းသောမိဘနှစ်ပါးကြောင့် မတတ်သာခဲ့။

ဒီကိစ္စတွေကို မောင့်ကိုလည်းမပြောပြဖြစ်။ မပြောပြဖြစ်ဆိုတာကတစ်ပူမအေးခင်တစ်ပူထပ်ပေါ်ပြီးမောင့်အပေါ်ဝန်ထုတ်ဝန်ပိုးကြီးဖြစ်မှာစိုး၍ဖြစ်သည်။

အခုကျတော့လည်းမပြောချင်တော့ပါ။ အခုမှပြောရင်လည်းမောင်ကအစတည်းကမပြောခဲ့ရိုးဆိုပြီး စိတ်ဆိုးဦးမည်ဖြစ်သည်။

ဒါ့ကြောင့် ဒီကိစ္စတွေကိုမောင့်ကိုလုံးဝမပြောပြဖို့ကိုဆုံးဖြတ်လိုက်သည်။

ဒီရက်ပိုင်းအတွင်းပင်ပန်းထားရတာတွေကြောင့် လူတစ်ကိုယ်လုံးပင်ပန်းလွန်းနေသည်။ ကျောင်းသွားချိန်နီးနေပေမယ့် မထချင်သောကြောင့် အိပ်ယာထဲမှာပဲဆက်ခွေနေမိသည်။

အနောက်ကတင်းတင်းကျပ်ကျပ်ဖက်လာတဲ့ ဂျုံးဂုကြောင့် ထယ်ယောင်းပြုံးလိုက်မိသည်။ မနက်ဖက်အိပ်ယာနိုးတာနဲ့ ဂျုံးဂုက ချက်ချင်းမထသေးဘဲ ဒီလိုလေးအမြဲဖက်ဖက်ထားနေကြ။

တစ်ခါတလေကျရင်လည်း ထယ်ယောင်းကို ဟိုနမ်းဒီနမ်းနဲ့နမ်းကာ ကြောင်ပေါက်လေးတွေပမာ ချွဲတတ်သေးသည်။

" မထသေးဘူးလား "

" ဒီနေ့ အိမ်မှာပဲနေမလားလို့ "

" ဟင် ဘာဖြစ်လို့လဲ "

ချက်ချင်းအိပ်ယာကနေကုန်းထလာပြီး ထယ်ယောင်းမျက်နှာလေးကို စေ့စေ့ကြည့်သည်။ လက်တစ်ဖက်နဲ့နှဖူးလေးအပေါ်အသာယာစမ်းပြီး အဖျားရှိမရှိကိုစမ်းပြန်သည်။

ထယ်ယောင်းထိုလက်လေးကိုအသာယာဆုပ်ကိုင်ရင်းဖွဖွလေးပြုံးသည်။ ပိုတတ်ရန်ကောဆိုသော အကြည့်လေးတွေက ဂျုံးဂုဆီကိုရောက်ရှိလာခဲ့သည်။

About The Old Day Of July [ Completed ]Where stories live. Discover now