အပိုင်း - ၂၃

4.6K 467 39
                                    

Unicode

နံရံမှာ ချိတ်ထားတဲ့ ဆိုင်ကယ်သော့ကို ဖြုတ်ပြီး အပြင်ထွက်ဖို့အလုပ် အနောက်ကခေါ်လိုက်တဲ့ မိခင်ရဲ့အသံကြောင့် ထယ်ယောင်းလှည့်ကြည့်မိသည်။

" ဘယ်သွားမလို့လဲသားလေး "

အိမ်ရောက်ရင်တော်ရုံအပြင်မထွက်စဖူးသူ့ကို မေမေကအံ့ဩတကြီးမေးခြင်းဖြစ်သည်။ ရတဲ့ပိုက်ဆံလေး လာပေးရင်း လိမ်သွားတဲ့ ကိစ္စ ကိုလည်းစုံစမ်းနေခဲ့တာ။

ဒီကနယ်ခံတွေဆီမှာ နည်းနည်းပါးပါးစုံစမ်းကြည့်တော့ သိလာရသည်။ မေမေတို့ ဖေဖေတို့ ကိုမေးနေရင် သူထိခိုက်မှာစိုးပြီး တသက်လုံးပြောမည်မဟုတ်။

ဖြစ်ခဲ့တဲ့ ကိစ္စ တွေကသေးသေးမွှားမွှားမှမဟုတ်တာ။ ဒီအတိုင်း ကြေအေးပေးလိုက်စရာအကြောင်းနည်းနည်းမှမရှိ။

အရင်ဆုံး အလိမ်ခံလိုက်ရတဲ့ငွေတွေကိုလိုက်တောင်းမည်။ မရရင်တော့ ဆိုင်ရာ ဆိုင်ရာကနေရှင်းရမှာပင်။

" ဝယ်စရာလေးရှိလို့ပါမေမေရဲ့ ဒီနားပဲ "

" အေးအေး ဂရုစိုက် သွားအုံး "

" စိတ်ချပါဗျာ "

မိခင်ဖြစ်သူရဲ့ပါးလေးကိုနမ်းကာ ထယ်ယောင်းထွက်လာခဲ့သည်။ တစ်ယောက်တည်းမလို့အနည်းငယ်တော့ကြောက်မိသော်လည်း မေမေတို့ကို အိမ်လေးပြန်ရစေချင်သည်။

နောက်လမတိုင်ခင်တော့ အဆင်ပြေရင်အကောင်းသားပေါ့။

လာရတဲ့ခရီးကတော့ နဲနဲနောနောတော့မဟုတ်။ မြို့စွန်နားလောက်က ခြံကျယ်ကြီးဖြစ်သည်။ခြံထဲမှာ ကားအဟောင်းအစုတ်အပြတ်များစွာကလည်းဟိုတစသည်တစရပ်ထားသေးသည်။

ဆိုင်ကယ်ကို အပင်အောက်မှာ ရပ်ရင်း ထယ်ယောင်းစိတ်ကိုတင်းကာ အထဲသို့လျောက်လာလိုက်သည်။

ဒီလိုတွေလုပ်နေတာ ဂျုံးဂုသာသိရင် ပြသနာဖြစ်မှာတော့အသေအချာပင်။

နှစ်ထပ်တိုက်အိုကြီးက ခြံအကျယ်ကြီးအလယ်မှာ ထီးထီးကြီး တည်ရှိနေသည်။ အိမ်အဝနားမှာ ထိုင်နေတဲ့ လူနှစ်ယောက်က သူ့ကိုမြင်တော့ သောက်လက်စ စီးကရက် ကိုခုံမှာ ဖိချေကာ ထလာသည်။

About The Old Day Of July [ Completed ]Donde viven las historias. Descúbrelo ahora