အပိုင်း - ၂၆

5.9K 506 66
                                    

Unicode

ဘာလိုလိုနဲ့ ဂျုံးဂုထွက်သွားခဲ့တာ ငါးလကျော်သွားခဲ့ပြီ။ တဖြည်းဖြည်း ပေါ်လာတဲ့ထယ်ယောင်းရဲ့ဗိုက်လေးကတော့ ဖုံးမရခဲ့ဘူး။ ထွက်ထွက်သွားချင်း တစ်လလောက် ထိအဆက်သွယ်ရပေမယ့် နောက်ပိုင်းအဆက်သွယ်မရတော့တဲ့အခါ ထယ်ယောင်းရင်ထဲမှာ စိုးရိမ်ခြင်း ဝေဒနာရပ်ဝန်းလေးအစပျိုးလာခဲ့တယ်။

ဖွင့်မပြောလို့မရတော့တဲ့အခြေအနေမလို့ ဖွင့်ပြောဖို့လုပ်ပေမယ့် နားထောင်ပေးမယ့်သက်ဆိုင်သူကတော့ပျောက်ချင်းမလှပျောက်နေမြဲပင်။ ချီးမွန်းခုနှစ်ရက် ကဲ့ရက်ခုနှစ်ရက်ဆိုတဲ့စကားရှိပေမယ့် ချီးမွန်းတဲ့စကားသာ ခုနှစ်ရက်မကြာတာ ကဲ့ရဲ့တဲ့စကားကတော့ ခုနှစ်ရက်မတိုင်အောင်ကြားနေရမြဲဖြစ်သည်။

ပတ်ဝန်းကျင် ရဲ့ ရိုက်ခတ်မှုဒဏ်ကိုမခံနိုင်တဲ့အဆုံး ထယ်ယောင်းမိဘအိမ်ကိုရွေ့ပြောင်းနေခဲ့ပေမယ့် သူ့အခြေအနေကို သိသွားတဲ့မိဘနှစ်ပါးကြောင့် ထယ်ယောင်းစိတ်မချမ်းသာခဲ့။

အနေကြာလာတော့ မိဘတွေရဲ့ပတ်ဝန်းကျင်ကပါထိုအကြောင်းတွေကို တစတစသိလာခဲ့သည်။ အပြင်ထွက်ရင် မထိတထိတီးတိုးစကားသံတွေရယ်။ လူတွေရဲ့ အထင်မြင်သေးသလိုအကြည့်တွေရယ် လူတချို့ရဲ့သနားသလိုလိုအကြည့်တွေရယ်။

ရှက်လွန်းလို့ဆိုပြီး တငိုငိုတရယ်ရယ်ဖြစ်နေတဲ့အမေဖြစ်သူနဲ့ သူ့ရဲ့စိတ်နဲ့ အိပ်ယာထဲလဲသွားတဲ့ဖခင်ဖြစ်သူ။ တစ်ကယ်တမ်းနောက်ဆုံးကူကယ်ရာအဖြစ်သူဆွဲကိုင်လို့ရမယ့် ကောက်ရိုးမျှင်လေးကတော့ သူ့ကိုလွှတ်ချခဲ့ဟန်တူပါသည်။

ညတိုင်းငိုကြွေးခဲ့ရတဲ့ ရက်တွေမှာ ချစ်ရတဲ့ ဂျုံးဂုတစ်ယောက် ဆီကို သူ့ရင်ထဲက နာကျင်မှုတွေကို နည်းနည်းလေးဖြစ်ဖြစ်သိစေချင်သည်။

သိရတဲ့အခါမှာရော ဂျုံးဂုကသူ့ဆီပြန်လာမယ်မဟုတ်ဖူးလား။ ဂျုံးဂုကသူ့ကိုသိပ်ချစ်တာသူအသိဆုံးပါ။ သူ့ကိုဒီလိုမျိုးပြစ်မထားခဲ့ဘူးမဟုတ်လား။

လားပေါင်းများစွာသောမေးခွန်းတွေအောက် ကြောက်လန့်စိတ်တွေကလည်းအချိန်နဲ့အမျှကြီးစိုးလာခဲ့သည်။ လောကကြီးကို အကြိမ်ကြိမ်အရှုံးပေးဖို့လုပ်ခဲ့ပေမယ့် ကလေးငယ်ရဲ့မျက်နှာလေးကိုမြင်ယောင်လာတိုင်း ထယ်ယောင်းအကြိမ်ကြိမ်နာကျင်ရမြဲဖြစ်သည်။

About The Old Day Of July [ Completed ]Where stories live. Discover now