Unicode
မနက်ခင်းနေရောင်နုနု ကအခန်းထဲ ဖြာကျလာသည့်အခါ ထယ်ယောင်းနိုးလာခဲ့သည်။ ညကငိုထားသည့်အရှိန်ကြောင့် မျက်လုံးတွေကမို့အစ်နေသလို ခေါင်းတစ်ခုလုံးလည်းအုံခဲနေသလို ခံစားနေရသည်။
ဘေးကနေရာလပ်လေးကိုကြည့်ပြီး ထယ်ယောင်းသက်ပျင်းချမိသည်။
မောင်မရှိပေမယ့် မောင့်ရဲ့ ကိုယ်သင်းရနံ့တွေကျန်နေသေးသည့် အိပ်ယာခင်းစလေးကို နမ်းရှိုက်မိသည်။ မောင်ကဒီလိုပါဘဲ ပြသနာအကြီးကျယ် တက်ကြပြီဆို တစ်ရက်လောက်တော့ သူ့ကို တရှောင်ရှောင်လုပ်တတ်သည်။ အခုလည်း နိုးလာရင် မျက်နှာချင်းမဆိုင်ချင်သေးလို့ အစောကြီးထွက်သွားတာနေလိမ့်မည်။
မျက်နှာသစ်ဖို့ထလာရင်းတွေ့လိုက်ရတာက စားပွဲပုလေးပေါ်က အုပ်စောင်းနဲ့အုပ်ထားတဲ့ ထမင်းပွဲလေး။ အုပ်စောင်းကို လှပ်ကြည့်လိုက်တော့ ထမင်းနဲ့ သူကြိုက်တဲ့ အမဲသားနှပ်လေးကို ချက်ထားသည်။
** ထမင်းစားပြီးတာနဲ့ ကျောင်းလိုက်ခဲ့ **
အုပ်စောင်းပေါ်မှာကပ်ထားတဲ့ စာတိုလေးကိုကြည့်ပြီး ထယ်ယောင်းမျက်ဝန်းမှာ မျက်ရည်တွေဝေ့သီလာခဲ့သည်။ စိတ်မကောင်းဖြစ်ပြီဆို အစားမစားဘဲ နေတတ်သည့် သူ့အကြောင်းကို မောင်ကသိလို့ ဒီလိုပြင်ဆင်ပေးခဲ့တာဖြစ်သည်။
ပါးပြင်ပေါ်ကျလာပြန်တဲ့မျက်ရည်တွေ။ စေတနာတွေ မေတ္တာ တွေကိုခံစားမိတိုင်း ရင်ထဲကဝေဒနာက ကျင်ခနဲ။ မောင့်အပေါ်ကို လက်ပါတော့မိမယ့်အထိ သူမှားခဲ့တာဖြစ်သည်။
ဒါကိုတောင်မောင်ကစိတ်မဆိုးရက်လေဘူးတဲ့လား။
ထမင်းချက်တာဝါသနာမပါတဲ့မောင်က အခုတော့လည်းချက်ပေးထားခဲ့တာအကျအန။ တောင်းပန်ပါတယ်မောင်ရယ် ... ယောင်းတောင်းပန်ပါတယ်။____________
နေ့ခင်းထမင်းစားချိန်မလို့ ကန်တင်းမှာ လူပိုစည်နေသည်။ အတန်းထဲမှာ မောင်ကသူ့အနားမထိုင်သလို အတန်းချိန်မပြီးခင် အရင်ထွက်သွားတာကြောင့် ကန်တင်းကိုဘဲ လိုက်လာခဲ့လိုက်သည်။
များလှတဲ့လူတွေကြားထဲမှာ မောင့်ကိုလိုက်ရှာမိသည်။ တစ်နေရာအရောက် ထယ်ယောင်း မျက်ဝန်းလေးတွေနဲ့အတူ နှုတ်ခမ်းလေးကပါ ပြုံးယောင်သမ်းသွားခဲ့သည်။
YOU ARE READING
About The Old Day Of July [ Completed ]
FanfictionJeon Jung Kook Kim Tae Hyung ( own creation )