Unicode
အထုပ်တစ်ထုပ်ကိုယူပြီး ပြန်ရောက်လာတာက ဂျုံးဂုပင်။ အိတ်ထဲမှာ အင်္ကျီ လေးငါးစုံကိုထည့်ကာလာတာကြောင့် ထယ်ယောင်းမျက်နှာလေးအိုစာသွားသည်။ မကြာခင် လက်ထပ်တော့မယ့် သတို့သားလောင်းက ဒီလိုလာနေတာမသင့်တော်မဟုတ်ပါလား။
အဖြစ်မှန်တွေကိုသိပြီးတဲ့နောက် ဂျုံးဂုကပိုဆိုးသွားသည်။ ဘာပြောပြောနားမဝင်သလို ဘာတွေပဲဖြစ်လာလာ သူဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်အတိုင်းလုပ်မည့်ပုံ။
" ဘာလို့ ဒီလိုလာတာလဲ ဂျုံးဂုရယ်။ မီယောင်းအတွက်မကောင်းဘူးမဟုတ်လား "
ပေပေတေတေလှည့်ကြည့်လာပုံက ဟိုးအရင်က ဇွတ်တရွတ် ဆန်တတ်တဲ့ အထက်တန်းကျောင်းသားလေး မောင့်ကိုပြန်တွေ့လိုက်ရသလိုပင်။
အထုတ်ကိုပြစ်ချပြီး ရှေ့တိုးလာတာကြောင့် ထယ်ယောင်းကိုယ်လေး အလိုလို နောက်ကိုဆုတ်မိပြီးသားဖြစ်သွားသည်။
" မောင်အားလုံးကိုဖြေရှင်းနိုင်တယ်။ ဒါကမောင့်အပိုင်းမလို့ ယောင်းပူစရာမလိုဘူး။ ခက်ခက်ခဲခဲ ပြန်ဆုံစည်းထားရတဲ့ အခြေအနေလေးကို မောင်ဘယ်နည်းနဲ့မှ ထပ်ပြီး အပျက်စီးခံမှာမဟုတ်ဖူးယောင်း "
" ဒါပေမဲ့ မီယောင်းဘက်ကိုမကြည့်တော့ဘူးလား"
" မီယောင်းကိုကြည့်ရင် ယောင်းကဒီတိုင်းနေမလို့လား။ မောင်နဲ့သားလေးကိုထပ်ခွဲအုံးမလို့လား"
ဒီတစ်ခါတွင်တော့ထယ်ယောင်းမဖြေနိုင်ပါ။ တစ်ကယ်တမ်းပြောရလျင် သူမောင့်ကိုမဆုံးရှုံးချင်ပါ။ ဒါပေမဲ့ တဖက်ကမိန်းကလေးရဲ့အဖြစ်ကိုတွေးပြီး ဘယ်လိုနည်းနဲ့မှ သူ့ရင်ထဲမှာမအေးနိုင်။
" မဟုတ်ပါဘူး။ ယောင်းပြောချင်တာက ဂျုံးဂုကို .... "
" ဘယ်အချိန်ထိအဲ့လိုခေါ်နေအုံးမှာလဲ "
တုန်တက်သွားသော ခန္ဓာကိုယ် လေးကရုတ်တရက်ဖြတ်ပြောလိုက်တာမလို့လန့်သွားဟန်။ အရင်က မောင်ဆိုတဲ့ နာမ်စားလေးကို အကြိမ်ကြိမ်အခါခါမြတ်မြတ်နိုးနိုးခေါ်ခဲ့ပေမယ့် အခုတော့ ထိုစကားလေးတစ်ခွန်းပြောဖို့ကိုဝန်လေးနေမိသည်။
YOU ARE READING
About The Old Day Of July [ Completed ]
FanfictionJeon Jung Kook Kim Tae Hyung ( own creation )