#Unicode
ညသည်တိတ်ဆိတ်နေသည်။ နှင်းတွေအလွန်တရာမှထူထဲစွာကျနေတာကြောင့် ဂျုံးဂုက သားလေးကိုအနွေးထည်ထူထူထဲထဲလေးဝတ်ပေးထားသည်။ဂျုံးဂုနဲ့တွေ့ပြီးတည်းက ကလေးက ဂျုံးဂုအနားကပင်မခွာတော့။ အကြာကြီးဝေးကွာခဲ့ရတဲ့ အဖေနားမှာသာပျော်လို့နေသည်။ ထမင်းစားလည်း ဂျုံးဂုခွံ့ကျွေးမှ ရေချိုးလည်း ဂျုံးဂုချိုးပေးမှ ကျောင်းဆိုလည်း ဂျုံးဂုပို့ပေးမှ စာဆိုလည်းဂျုံးဂုသင်ပေးမှ။
အခုလည်းဧည့်ခန်းထဲကမီးလင်းဖိုအနားမှာ သားအဖနှစ်ယောက် စားပွဲပုလေးနဲ့ စာထိုင်သင်နေကြပြန်သည်။
ထယ်ယောင်းကတော့ဆိုဖာပေါ်မှာထိုင်ကာ သားအဖနှစ်ယောက်အတွက် ဆင်တူမာဖလာလေးကိုထိုးပေးနေသည်။ စာသင်နေရင်း တစ်ချက်တစ်ချက်ထွက်လာတဲ့ ခိုးခိုးခစ်ခစ် ရယ်သံလေးတွေကြောင့် ထယ်ယောင်းမှာ အမြတ်တနိုးလှမ်းငေးကာ ပြုံးမိပြန်သေးသည်။
" ဖေဖေ "
" ဗျာ ...ဗျ "
" သားသားကိုချစ်လား "
နုထွေးထွေးနှုတ်ခမ်းလေးကစုလုံးကာမေးလာတော့ မချစ်ပဲမနေနိုင်။ ဖခင်တစ်ယောက်ဆိုတဲ့ ခံစားချက်ကြီးကလည်းဘာနဲ့မှမတူ ရင်ထဲမှာတသိမ့်သိမ့်ဖြင့်ကြည်နူးရပြန်သည်။
" ချစ်တာပေါ့ အဖေ့သားလေးရယ် "
ပါးအိအိလေးအပေါ်ဂျုံးဂုကအနမ်းတွေတဝကြီးပေးသည်။ သားလေးကသူ့ကိုချစ်လားလို့ မကြာခဏမေးလေ့ရှိသည်။ ရင်ထဲကဒဏ်ရာနုနုလေးတွေအမြန်ပျောက်ဖို့ဆုတောင်းပေးရင်း သားလေးအပေါ်ဆတိုးကာပိုချစ်မိသည်။
" ဒါဆို ပါပါးကိုရော "
မထင်မှတ်ထားသောမေးခွန်းလေးကြောင့် ဂျုံးဂုကသွားတွေပေါ်အောင်ပြုံးသည်။ ထို့နောင် မာဖလာထိုးနေသော ထယ်ယောင်းကို ခိုးကြည့်ကာ ချစ်တယ်ဟု တိုးတိုးလေးဖြေလေသည်။
ကလေးငယ်ဆီက တခစ်ခစ်ရယ်သံလေးတွေကျယ်လာတော့ ထယ်ယောင်းရဲ့ မျက်ဝန်းလှလှလေးတွေကသားအဖနှစ်ယောက်ထံစူးစမ်းလာသည်။
" မောင် ... ဘာတွေရယ်နေကြတာတုန်း "
" မပြောပါဗျာ "
KAMU SEDANG MEMBACA
About The Old Day Of July [ Completed ]
Fiksi PenggemarJeon Jung Kook Kim Tae Hyung ( own creation )