Unicode
" ဒီကျေးဇူးကို ဘယ်လိုပြန်ဆပ်ရမယ်တောင်မသိတော့ပါဘူး။ တစ်ကယ်ကို ကျေးဇူးတင်ပါတယ် သူဌေးရယ် "
မျက်ရည်တွေကျကာ ကျေးဇူးတင်စကားပြောနေပါသော ချာတိတ်လေးရဲ့မေမေ။ ဦးလေးက အသက်သာကြီးမဟုတ်သေးပေမယ့် အသက် အန္တရာယ် စိုးရိမ်စရာအနေအထားတော့မရှိတော့။
" ရပါတယ် "
" သူဌေးသာမကူညီခဲ့ရင် ကျွန်မ တွေးတောင်မတွေးရဲဘူး "
" ရပါတယ်ဗျာ အန်တီလည်းပင်ပန်းနေပြီ နားနားနေနေ နေအုံးနော် "
လမ်းမကြုံသော်လည်း သူဒီဘက်ကို ရောက်အောင်လာဖြစ်သည်။ အလုပ်တွေကတစ်ဖက်ပေမယ့် ဒီကို တစ်ရက်ခြား တစ်ခါလောက်တော့ရောက်အောင်လာဖြစ်သည်။
အန်တီ့ကိုဝင်တွေ့ကာ နှုတ်ဆက်ပြီးထွက်လာပေမယ့် ချာတိတ်လေးကိုမတွေ့။ ဆေးရုံအောက်ဆင်းလာတော့ အဝင်လမ်းအတိုင်း မုန့်ထုတ်တွေ သယ်ကာ အပြေးတပိုင်း လျှောက်လာတဲ့ချာတိတ်လေးကိုတွေ့လိုက်ရသည်။
သူ့ကိုတွေ့တော့ အရှိန်သပ်သွားတဲ့ ခြေလှမ်းလေးတွေနဲ့အတူ လွင့်ခါသွားတဲ့ ဆံနွယ်တိုတိုလေးတွေ။ မောနေပုံရတဲ့ချာတိတ်လေးက နှဖူးမှာ ချွေးစလေးတွေကလည်း ခိုတွဲနေသေးသည်။
" သူဌေးပြန်တော့မလို့လား "
" မပြန်သေးပါဘူးကွာ မင်းနဲ့မှစကားမပြောရသေးတာ "
မျက်စံညိုညိုလေးကရွေ့လျားသွားကာ အကြည့်ချင်းဖယ်ခွာစေသည်။ ဒါပေမယ့် သူအပြစ်မမြင်ရက်ပါ။
" လက်ထဲက မုန့်တွေကအများကြီးပဲရော "
ထိုအခါမှ ချာတိတ်လေးအကြည့်တွေ့ကသူ့ဆီပြန်ရောက်လာသည်။ ရယ်လိုက်တဲ့ခဏတာမှာ သူ့မှာငေးငေးမောမောဖြစ်ရပြန်သည်။
" ဟုတ်တယ် ဒီနေ့သူဌေးလာမယ့်ရက်မလို့ "
" ဝယ်ထားတယ်ဆိုပါတော့ "
" ဟုတ် "
" ကိုယ်တစ်ရက်ခြားလာတာ ချာတိတ်လေးကမှတ်မိနေပြီပေါ့ "
" ဟို ... အဲ့လိုလာနေတာပဲလေ။ ပြီးတော့မနက်တိုင်းဘာမှဝယ်မကျွေးရလို့အားနာနေတာပါ "
CZYTASZ
About The Old Day Of July [ Completed ]
FanfictionJeon Jung Kook Kim Tae Hyung ( own creation )