Unicode
ကုန်လွန်လာခဲ့တဲ့ အချိန်ကာလတွေကိုတစ်ကျော့ပြန်တွေးကြည့်ရင် ကြည်နူးမှုတွေနဲ့ချည်းပါဘဲ။ရာသီစက်ဝန်းတွေအလီလီပြောင်းခဲ့ပေမယ့် မပြောင်းလဲခဲ့တာကသူတို့ကြားက ချစ်ခြင်းတရားနဲ့ သံယောဇဉ် တွေဖြစ်သည်။
ဘဝတွေကမပြည့်စုံကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် အတူရှိနေသ၍ သူတို့ဘဝမှာ ပြည့်စုံခဲ့ကြသည်။
အပေတေတစ်ယောက်ရဲ့ ဘဝမှာ ဖေးမပေးခဲ့တဲ့လက်တစ်စုံကြောင့် အိမ်မက်ဆိုတာရှိလာခဲ့တယ်။ အနာဂတ်ဆိုတာဘာမှန်းမသိတဲ့ လူတစ်ယောက်က အနာဂတ် ဆိုတာကိုပုံဖော်ပြီး ကြိုးစားတတ်လာသည်။
ဂျုံးဂုက ထယ်ယောင်းနဲ့ချစ်သူတွေဖြစ်ပြီးနောက်ပိုင်း စာကိုပိုကြိုးစားလာဖြစ်သည်။ အတန်းထဲရှိလေ့ရှိထမရှိတဲ့ ဂျုံးဂုက အတန်းချိန်တွေမှန်လွန်းလို့ ဆရာမတွေကတောင် အံ့ဩရတဲ့အထိ။
ဂျုံးဂုကတော်သည်။ ပေပေတေတေနေခဲ့လို့သာ ဘိတ်ချေးမှာဖြစ်နေခဲ့တာ။ သင်လွယ် တတ်လွယ်ပြီး နဂိုအခံကညဏ်ကောင်းလေတော့ နည်းနည်းလေး ကြိုးစားလိုက်တာနဲ့ အမှတ်တွေတက်လာခဲ့တာ သိသိသာသာ။
ထယ်ယောင်းမှာ လည်းမိမိချစ်သူလေးအားကြည့်ကာ ကြည်နူးရသည်။ ကိုယ့်အတွက်ဆို အရာရာ ကြိုးစားနေသော ဒီကောင်လေးကြောင့် ခွန်အားတွေရှိရတာလည်းအမှန်။ တစ်ခုခုဆို ယောင်းအတွက် ယောင်းအတွက်နဲ့ ဂျုံးဂုရဲ့စကားသံလေးက ဘဝအမောတွေကိုပြေပျောက်စေခဲ့သည်။
အထက်တန်းနောက်ဆုံးနှစ်ရောက်တော့ နှစ်ယောက်စလုံးပင်ပန်းကြသည်။ အလုပ်တစ်ဖက်ကျောင်းစာတစ်ဖက်နဲ့မလို့ ပိုပြီးပင်ပန်းကြရသည်။ ဒါပေမယ့် ထယ်ယောင်း တစ်မျက်နှာနဲ့ ဂျုံးဂုမှာ အားလျော့ခဲ့သည်ဆိုတာမရှိ။
ကြိုးစားနေတဲ့လူအတွက်ကတော့ ရလဒ်ကောင်းတစ်ခုကတော့ရှိတာဘဲ။ အထက်တန်းကို ယောင်းရော သူရော အမှတ်ကောင်းကောင်းနဲ့အောင်မြင်ခဲ့ကြတယ်။
အထက်တန်းပြီးတော့ သူတို့ရဲ့အိမ်မက်တွေအတွက် လမ်းတစ်ဆစ်ချိုးကိုရောက်လာသလိုဘဲ။ နီးကပ်လာတဲ့ အိမ်မက်တွေကို စိတ်ကူးယဉ်ပြီး ယောင်းနဲ့သူနဲ့ ပျော်ကြရတာ အကြိမ်ကြိမ်အခါခါ။
YOU ARE READING
About The Old Day Of July [ Completed ]
FanfictionJeon Jung Kook Kim Tae Hyung ( own creation )