Unicode
ပြတင်းပေါက်ဘက်ကို မျက်နှာမူကာ ရပ်နေပါသောဂျုံးဂု။ တင်းကားနေသောမေးရိုးနှင့်အတူ စူးရဲနေသော မျက်ဝန်းတွေက ဒေါသတို့ရဲ့အတိမ်အနက်ကိုပြနေသလို။ အိမ်ထဲဝင်လာတဲ့ ခြေသံလေးနဲ့အတူ တံခါးပိတ်သံကိုကြားတော့ လက်သီးနှစ်ဖက်ကိုအလိုလိုဆုပ်ထားမိသည်။
" မောင် "
သူခေါ်ပေမယ့် မောင်ကလှည့်ကြည့်မလာပါ။ မောင်ဒေါသတွေထွက်ပြီး လျှောက်တွေးနေလောက်ပြီဆိုတာရိပ်မိပါသည်။ နယ်မှာတုန်းက သူဌေးဆီထမင်းချိုင့်ပို့တုန်းကလည်း မောင်ကမသိခဲ့။ သိခဲ့တုန်းကလည်း ပြသနာအကြီးကျယ်ရှာကာ စကားတွေများခဲ့ရသည်။
နောက်ဆုံးတော့လည်းသူဘဲအကြောင်းအမျိုးမျိုးပြပြီး ထမင်းချိုင့်ပို့တဲ့လုပ်ငန်းကို ရပ်လိုက်ရသည်။ အဲ့တုန်းကထမင်းပို့ဖို့မအားတော့တဲ့သူ့ကြောင့် သူဌေးကဆိုင်အထိလာစားခဲ့သည်။ ဒါကိုလည်းမောင်ကပြသနာရှာခဲ့သေးတာဖြစ်သည်။
" မောင် ... ယောင်းကိုစိတ်ဆိုးနေပြန်ပြီမလား "
လှည့်ကြည့်လာတဲ့မောင့်မျက်ဝန်းတွေမှာ ဒေါသတွေနဲ့အတူ နာကျင်မှုတွေပါတွေ့လိုက်ရသည်။ ဒီ့အတွက်လည်းသူစိတ်မကောင်းပါ။ သူဌေးနဲ့ပတ်သက်ပြီးအဖုအထစ်တွေဖြစ်ခဲ့ကြတာဟိုးအရင်တည်းကဖြစ်သည်။
" အဲ့ကောင် ကဘာလို့ရောက်လာရတာလဲယောင်း "
" မောင်ရယ် သူပြောသွားတယ်လေ ဖေဖေ့ဆီကမေးပြီးရောက်လာတာလို့ "
" ကြားတယ် ... အဲ့ဒါကိုကြားတယ် ဘယ်အတိုင်းအတာထိရင်းနှီးခဲ့ကြလို့ ဒီအထိတောင်တကူးတကကူညီဖို့ရောက်လာရတာလဲယောင်း။ ပြီးတော့ မင်းတစ်ယောက်တည်းနေတာထင်လို့တဲ့ "
မောင့်စကားများသည် ကျွန်တော့်သိက္ခာတရားများကိုထိပါးလာပြီဖြစ်သည်။ ဝမ်းနည်းစိတ် ရှက်စိတ်နဲ့အတူ ဒေါသတွေကပါ ကပ်ပါလာခဲ့သည်။
" မောင် ... မောင့်စကားကလွန်နေပြီနော်။ သူ့ဘာသာရောက်လာတဲ့ ကိစ္စကိုဘာလို့ ဒီလောက်ထိပုံကြီးချဲ့ချင်နေရတာလဲ။ မောင့်ကိုမကြိုက်တဲ့အချက်ကအဲ့ဒါ မောင်ကတစ်ခါတလေ သိပ်ကလေးဆန်တာပဲ "
YOU ARE READING
About The Old Day Of July [ Completed ]
FanfictionJeon Jung Kook Kim Tae Hyung ( own creation )