2.

1.1K 92 2
                                    


ဒေါက် ဒေါက်

တံခါးကိုနှစ်ချက်ဆင့်ခေါက်ပြီးနောက် အသာအယာဖွင့်ကာ အခန်းထဲသို့ ပုံမှန်ခြေလှမ်းများဖြင့်ဝင်လာခဲ့သည် ။

တကယ်ဆို ဟန်တို့လို ဆရာဝန်တွေက လူနာဆီလာရင် အထူးတလည်ယဥ်ကျေးပြီး တံခါးခေါက်စရာမလိုဘူးလေ ။

အထူးသဖြင့် နွယ်တို့လို့ စိတ်ရောဂါခံစားနေရတဲ့သူတွေကိုဆို ဘယ်သူကများ ယဥ်ယဥ်ကျေးကျေးဆက်ဆံကြလို့လဲ ။

ဒါပေမယ့် ဒီအမျိုးသမီးကိုတော့ ဟန်က အမြဲတမ်း ယဥ်ယဥ်ကျေးကျေးဆက်ဆံချင်မိတာပဲ ။

ဒီအမျိုးသမီးအရှေ့မှာ ဟန်က လူကြီးလူကောင်းပုံစံ ဖြစ်နေချင်တယ် ။

အကြောင်းအရင်းမရှိပေမယ့် ဒီအမျိုးသမီးက ဟန့်ကို ယုံကြည်အားထားစေချင်တယ် ။

အတွေးများကိုရပ်ပြီး နွယ်ရှိရာ ကုတင်နှင့် မလှမ်းမကမ်း၌ ခြေလှမ်းများကို ရပ်တန့်ပစ်လိုက်သည် ။

ကုတင်ပေါ်၌ထိုင်ကာ စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်နေတဲ့ နွယ်ကို ဟန် ရပ်ကြည့်နေမိသည် ။

လျော့တိလျော့ရဲခြုံထားတဲ့ ခြုံစောင်နဲ့ အနည်းငယ်တွန့်ကြေနေတဲ့ ဆေးရုံအဝတ်အစားတွေက နွယ့်ကို အရုပ်မဆိုးသွားစေဘဲ ဆွဲဆောင်မှုတစ်မျိုးရှိနေစေသည် ။

တစ်ဝက်ချည်ထားတဲ့ နီညိုရောင် ကပိုကရို ဆံချည်မျှင်လေးများ နှင့် နွယ်ဖတ်လက်စ စာအုပ်အနားသတ်လေးတွေကလဲ ပြတင်းပေါက်ကဝင်လာတဲ့ ခပ်သော့သော့ လေအဝှေ့မှာ တစ်လွင့်လွင့်ဖြစ်နေသည် ။

စာရွက်ကိုတစ်ရွက်ချင်းလှန်နေတဲ့ နွယ့်ရဲ့ သွယ်လျလျ လက်ချောင်းလှလှလေးတွေနဲ့ ဆန့်ကျင့်ဘက်ဖြစ်တဲ့ တမင်ကုပ်ယူထားသော ပန်းနုရောင် ခြေချောင်းလေးတွေကအစ နွယ်ဟာ သိပ်လှရက်လွန်းတာပဲ ။

Dinealသာ နွယ့်ကိုမြင်ရင် သိပ်လှတဲ့ masterpiece တစ်ခုကဲ့သို့ တင်စားလိမ့်မည်ဟု ဟန်က သဘောတကျ တွေးလိုက်မိသေးသည် ။

"ဟန် တို့ကို သဘောကျနေတာလား ''

နွယ့်စကားသံကြားမှ ဟန် မလုံမလဲနှင့် အကြည့်လွှဲလိုက်မိသည် ။

VINE(Completed) Where stories live. Discover now