28.

456 44 6
                                    

နန့်ငယ်ထွက်သွားပြီးနောက် ချက်ချင်းတံခါးဖွင့်ကာဝင်လာတဲ့သော်လင်းဟန်အား နွယ်ပြုံးပြလိုက်သည်။

သေချာတာတစ်ခုက နွယ်ကအခုစိတ်အရမ်းကြည်လင်နေတာမို့ နွယ့်ရဲ့အပြုံးတွေကလဲအတောက်ပဆုံးဖြစ်နေလိမ့်မယ်။

သော်လင်းဟန်က ခုံတစ်ခုံဆွဲယူ၍ နွယ့်အရှေ့ခပ်လှမ်းလှမ်း၌ဝင်ထိုင်ပြီး နွယ့်ကိုစိုက်ကြည့်လာသည်။

''နွယ်...ဒီနေ့ပျော်နေတယ်ထင်တယ် နွယ်ဒီလိုပြုံးနေတာမျိုး ကျွန်တော်တစ်ခါမှမမြင်ဖူးဘူး''

သော်လင်းဟန်စကားကြောင့် နွယ် ကိုယ့်မျက်နှာကိုယ် လက်ဖဝါးနှစ်ခုဖြင့် အုပ်ကိုင်လိုက်သည်။

နွယ်ဟာလေ နန့်ငယ့်ကိုတွေ့တာနဲ့ ဟန်တောင်မဆောင်နိုင်ဘဲ သူများတွေသတိထားမိရလောက်အောင်အထိကို ပြုံးနေရတယ်လို့ ။

''ပျော်တယ်လို့လဲမဟုတ်ပါဘူး...ဒီလိုပါပဲ...''

ရုပ်တည်ကြီးနဲ့ ဟန့်ကိုလိမ်ပြီးမှ ဟန့်မျက်နှာကိုစေ့စေ့မကြည့်ဘဲ ဟိုကြည့်ဒီကြည့်နှင့် အကြည့်လွှဲနေမိသည်။

''ကျွန်တော်ပြောရင် နွယ်စိတ်ဆိုးမလားမသိပေမယ့် မနန့်ခမ်ငယ်က စကားပြောအရမ်းရင့်တာပဲ ''

သော်လင်းဟန်စကားကြောင့် နွယ်စိတ်ထဲ၌ ကျိတ်ရယ်လိုက်သည်။

နန့်ငယ်က ဒီထက်တောင်ပိုပြီး ဒေါသကြီးလွယ် စိတ်ဆတ်လွယ်မှန်း ဟန်မသိသေးပါဘူးလေ။

နွယ့်ကို နန့်ငယ်အကြောင်း တိုင်တည်ပြောဆိုနေတဲ့သော်လင်းဟန်က အမကြီးတယောက်ကို မကျေနပ်ချက်တွေဖွင့်ဟနေတဲ့ မောင်ငယ်လေးတစ်ယောက်နဲ့တောင်တူသေးတယ်။

''နန့်ငယ် ဘာတွေသောင်းကျန်းသွားသေးလဲ ဟန်''

နွယ့်အမေးရဲ့နောက် သော်လင်းဟန်ကနှာခေါင်းရှုံ့ပြီးမျက်နှာမဲ့ပြတယ်။

အဟားးးး....ဟန်က နန့်ငယ်ကို တကယ်ကြီး မကြည်နေတာပဲ ။

နောက်များမှတော့ ဟန်နဲ့ နန့်ငယ်ရဲ့ ထိပ်တိုက်တွေ့မယ့်ပွဲမျိုးကို ပေါက်ပေါက်စားရင်း ကြည့်ပစ်မယ်လို့ နွယ်ကစိတ်ထဲမှာ ခပ်မြူးမြူးတွေးပစ်လိုက်တယ်။

VINE(Completed) Where stories live. Discover now