24.

410 42 0
                                    


"အာ နွယ်ပါလား....တိုက်ဆိုင်လိုက်တာနော် ကျွန်တော်တို့ထပ်တွေ့ကြပြန်ပြီ ''

မိမိဘေး၌ ကပ်ကာ ပြုံးစိစိနှင့် စကားစ,နေသော စောယံအားကြည့်၍ နွယ် ခေါင်းကိုသာ ခေါင်းရမ်းလိုက်သည် ။

"အခုရော ဘယ်ကနေ ဘယ်လိုရောက်လာပြန်ပြီလဲ
မင်းကြည့်ရတာ အလုပ်တော်တော်အားနေပုံပဲ ''

နွယ့်အပြောကို သဘောကျပုံရသော စောယံက ခပ်သဲ့သဲ့ရယ်လေသည် ။

"ခပ်လှလှစာအုပ်လေးကိုဖတ်ချင်နေတော့လဲ စာအုပ်ဆိုင်လာဖို့ မအား,အားအောင်လုပ်ရတာပေါ့ဗျာ ''

စောယံကို ဘာမှပြန်မပြောတော့ဘဲ နွယ် စာအုပ်များကိုသာ ဆက်ရွေးနေလိုက်သည် ။

နွယ်တို့ကအခု ဆေးရုံရဲ့ မျက်နှာချင်းဆိုင် ကားလမ်းဘေးက ကော်ဖီဆိုင်နှင့်တွဲဖွင့်ထားသော စာအုပ်ဆိုင်လေးသို့ရောက်နေခြင်းပင် ။

တနင်္လာနေ့တစ်ညလုံး dutyဆင်းထားတာမို့ ဒီနေ့ အင်္ဂါနေ့တစ်ရက်လုံးက နွယ့်အတွက် အားလပ်ရက်ပဲ။

မနက်စောစော dutyချိန်းပြီး စာအုပ်လေးဝယ်ကာ အိမ်မှာအေးအေးဆေးဆေးနားနေမလို့လုပ်ထားတာ ။

အခုတော့ ဘယ်ကနေဘယ်လိုရောက်လာပြန်မှန်းမသိတဲ့ သကောင့်သားကြောင့် နွယ်က အဖက်လုပ်ပြီး စကားပြန်ပြောနေရပြီ ။

အဖက်မလုပ်ဘဲနေလို့မရဘူးလားဆိုတော့ နွယ်သာ အဖက်မလုပ်ရင် အာပြဲကြီးနဲ့ နွယ့်နာမည်ကို အကျယ်ကြီးအော်တတ်လွန်းလို့ နွယ့်မှာ ရှက်ရှက်နဲ့ ပါးစပ်ကိုလိုက်ပိတ်ရတဲ့အထိပဲ ။

စောယံက သိပ်ကိုကလေးဆန်တဲ့ ကောင်ကလေး ။

"ဘုရားသခင်က နွယ်နဲ့ ကျွန်တော့်ကို ဆုံစည်းစေချင်တာထင်တယ်နော်
ကျွန်တော်တို့ မချိန်းထားဘဲ ခဏခဏ တွေ့နေတာ တကယ်ကို တိုက်ဆိုင်ချက်က အံသြစရာကြီး ''

တကယ်ကိုမှ မထင်မှတ်ထားသလို အံ့သြပြနေတဲ့စောယံအားကြည့်ကာ နွယ် နှာခေါင်းရှုံ့လိုက်သည် ။

တိုက်တိုက်ဆိုင်ဆိုင်တွေ့အောင် ဘုရားသခင်လုပ်ပေးတာမဟုတ်ဘဲ မင်းပဲ တမင်လုပ်နေတာမဟုတ်ဘူးလားလို့ မေးလိုက်ချင်စမ်းပါဘိ ။

VINE(Completed) Where stories live. Discover now