21.

432 46 8
                                    


ဒေါက် ဒေါက်

"Come in! "
(ဝင်ခဲ့ပါ)

"Dr. ! The lady is requesting permission to meet you ''
( အမျိုးသမီးတစ်ယောက်က Dr. ကို တွေ့ခွင့်တောင်းနေပါတယ်)

"Ok! Let her to meet me ''
(သူ(မ)ကို ခေါ်ခဲ့လိုက်ပါ)

သူနာပြုဆရာမလေး ထွက်သွားပြီနောက် စားပွဲခုံပေါ်က fileတွေကို အထပ်လိုက် နေရာတကျစုစည်းလိုက်သည် ။

ဒီဧည့်သည်နဲ့တွေ့ပြီးရင်တော့ နွယ့်ဆီကိုသွားရဦးမယ် ။

"ဒေါက်တာ ကျွန်မကို မှတ်မိရဲ့လား ''

အသံတစ်ခုနဲ့အတူ ဝင်လာတဲ့ အမျိုးသမီးကြောင့် သော်လင်းဟန် ကြည့်လိုက်တော့ တီရှပ်အဖြူကို ကာကီရောင် စတိုင်လ်ဘောင်းဘီအရှည်နဲ့တွဲဖက်ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက် ။

ဒီအမျိုးသမီးကို သော်လင်းဟန် သိပ်သိတာပေါ့ ။

စိတ်ရောဂါအကြောင်းကို သာမန်လူများပါ နားလည်အောင် ရှင်းရှင်းလင်းလင်းရေးသားထားတဲ့ ဒီအမျိုးသမီးရဲ့ 'Beautiful Mind 'ဆိုတဲ့စာအုပ်က အနောက်နိုင်ငံတွေမှာတောင် best sellerစာရင်းဝင်တဲ့အထိ နာမည်ကြီးခဲ့တာလေ ။

နိုင်ငံအဝှမ်းမှာကျော်ကြားနေတဲ့ လက်တစ်ဆုပ်စာ မြန်မာလူမျိုးတွေထဲက တစ်ယောက်ဆိုရင်လဲ မမှားဘူး ။

ဒီလို နယ်နယ်ရရ မဟုတ်တဲ့ နာမည်ကြီး psychologist တစ်ယောက်က သော်လင်းဟန်လို အညတရ စိတ်ရောဂါကုဆရာဝန်လေးဆီကို ဘာဖြစ်လို့များ လာရပါသလဲ ။

ရှည်ရှည်ဝေးဝေးဆက်မတွေးနေတော့ဘဲ မတ်တပ်ရပ်နေရတာကြာနေပြီဖြစ်သော အရှေ့က အမျိုးသမီးအား အားနာစွာနှင့် ထိုင်ခိုင်းရတော့သည် ။

"ထိုင်ပါ Mrs. Dara
Mrs. Daraက ကျွန်တော့်ဆီ ဘာကိစ္စရှိလို့များ ရောက်လာတာလဲ မသိဘူး ''

"ကျွန်မကို Daraလို့ပဲခေါ်လို့ရပါတယ်
​ကိုယ့်လူမျိုးအချင်းချင်းပဲဟာ ''

"ဟုတ်ကဲ့ ကျွန်တော့်နာမည် သော်လင်းဟန်ပါ ''

"ကျွန်မ ဒေါက်တာကို သိပါတယ်
ကျွန်မတို့ တစ်ခါဆုံဖူးကြတယ်လေ ''

သော်လင်းဟန် ခေါင်းထဲ၌ ဗလာဖြစ်သွားရသည် ။

ဟန်က Daraလိုလူမျိုးကို သတင်းစာရဲ့စာမျက်နှာတွေမှာနဲ့ အွန်လိုင်းပေါ်မှာပဲ မြင်ဖူးတာပါ ။

VINE(Completed) Onde histórias criam vida. Descubra agora