25.

421 52 8
                                    


ဆေးရုံဝန်းထဲသို့ ကားလေးဖြင့်မောင်းဝင်လာပြီးနောက် ကားပါကင်၌ ကားလေးကို စက်သပ်ကာ ရပ်လိုက်သည် ။

ကားပေါ်မှဆင်းဆင်းချင်း တိုးဝှေ့တိုက်ခက်လာသော လတ်ဆက်သော ဆောင်းလေနုနုအေးအေးလေးကြောင့် နွယ် အသက်ကိုတစ်ဝကြီးရှုရှိုက်လိုက်သည် ။

မနက်ခင်းအလင်းရောင်ရခါစပဲရှိသေးပေမယ့် ဆေးရုံအတွင်းနှင့်အပြင်ကို ပြားပန်းခက်မျှ ဥဒဟိုသွားလာလှုပ်ရှားနေကြသော လူများအား နွယ် ခေတ္တခဏ ရပ်ကြည့်လိုက်သည် ။

အပြင်ကလူတွေက ဒီနေ့ new yearညအတွက် ပျော်ပွဲရွှင်ပွဲတွေလုပ်ဖို့ planတွေချနေကြတဲ့အချိန်မှာ ဆေးရုံမှာရှိတဲ့လူတွေကတော့ အပူရုပ်နဲ့လူလုပ်နေကြရတာကိုမြင်ပြီး သံဝေဂယူချင်ရင်တောင် ယူတတ်စရာတွေပါပဲ ။

ဒါပေမယ့် ဘုရားတရားနဲ့ ယူဇနာတစ်သောင်းလောက်အထိတောင် ကွာဝေးနေပြီဖြစ်တဲ့နွယ်ကတော့ သေချာပေါက် ငရဲသွားမှာမို့လို့ တရားရှုမှတ်မနေနိုင်တော့ဘဲ ဆေးရုံထဲသို့သာ ဝင်လာခဲ့လိုက်တော့သည် ။

"မမနွယ်......''

နွယ့်နာမည်ကို ခေါ်ပြီး နွယ့်ဘေးနားကို အပြေးလေးလာတဲ့ ဆုဆုနှင်းက နေ့တိုင်း နွယ်ရောက်လာတာနဲ့ ဒီလိုပဲ အမြဲလာကြိုနေကြပင် ။

အင်း...ပုံမှန်နဲ့မတူနေတာကတော့ အမြဲတမ်း နွယ့်နာမည်ကို အသံကျယ်ကျယ်နဲ့ခေါ်တတ်တဲ့ဆုဆုနှင်းအသံက ဒီနေ့မှ ဖျော့တော့နေသလားလို့ ။

"အထွေးအထူးမရှိဘူးမလား ဆု...
ညက အမဆီphမဆက်ကြတော့ လူနာအသစ်မရှိဘူးထင်တယ် ''

"ဟုတ်....မမနွယ်....လူနာအသစ်မရှိပါဘူး ''

လှမ်းနေသော ခြေလှမ်းများကို တိခနဲရပ်လိုက်ပြီး ဆုဆုနှင်းဘက်ကိုလှည့်၍ နွယ် မျက်မှောင်ကျုံ့လိုက်မိသည် ။

ဒီကောင်မလေးပုံစံက မဟုတ်သေးပါဘူး....တစ်ခုခုထူးဆန်းနေတာပဲ ။

"ဘာဖြစ်လို့လဲ ဆု...
အမကို ပြောစရာရှိရင် ပြောလေ...ဘာလို့ဒီပုံစံဖြစ်နေရတာလဲ ''

နွယ်ပြောတော့ ဆုဆုနှင်းက မျက်စိပျက်မျက်နှာပျက်နှင့် နွယ့်ကို မဝံမရဲကြည့်လာသည် ။

VINE(Completed) Where stories live. Discover now