''ဒီမှာ နွယ်...လက်မှတ်ထိုးရုံပဲ.... ကျန်တာက ကျွန်တော့်အသိ ရှေ့နေငှားပေးထားတယ် သူအကုန်ကြည့်စီစဥ်ပေးပါလိမ့်မယ် ''နွယ့် ရှေ့ကို အညိုရောင်စာအိတ်ကလေးတစ်ခု တိုးပေးလိုက်သည် ။
စာအိတ်ကလေးကိုကိုင်ပြီး အထဲမှာပါတဲ့ စာရွက်လေးကို ဖွင့်ကြည့်ပြီးနောက် နွယ့်ရဲ့ နှုတ်ခမ်းစွန်းလေးတွေက သိသိသာသာကော့တက်သွားခဲ့သည် ။
နွယ်က ပြုံးနေတယ်ထင်ရပေမယ့် တကယ်ရောပျော်နေရဲ့လားဆိုတာ နွယ့်ရဲ့မျက်ဝန်းညိုညိုတွေထဲ ရှာဖွေကြည့်ပေမယ့် ဗလာသက်သက်မျက်ဝန်းတွေကိုသာ ဟန် တွေ့လိုက်ရသည် ။
''လတ်မှတ်ထိုးဖို့ တစ်ခုခုပေးပါလား ဟန် ''
ဂျူတီကုတ်အိတ်ကပ်ထဲမှာချိတ်ထားတဲ့ ဘောပင်အပြာလေးအား နွယ်ရှိရာသို့ ကမ်းပေးလိုက်သည်။
လတ်မှတ်ထိုးရမယ့်တစ်ဖက်ခြမ်းမှာ နောင်တရမှုမရှိ တွေဝေခြင်းတစ်စုံတစ်ရာမရှိပါဘဲ ပေါ့ပေါ့ပါးပါး လက်မှတ်ရေးထိုးနေတဲ့နွယ့်ကိုကြည့်ပြီး ဟန် သိချင်နေသည့်အကြောင်းအရာအား ဖွင့်ဟမေးမြန်းလိုက်သည် ။
''နောက်ထပ် လက်မှတ်ထိုးမယ့်သူက ဘယ်သူလဲနွယ် ကျွန်တော်သိခွင့်ရှိမလား ''
သော်လင်းဟန်မေးတော့ နွယ်က ပြုံးတယ် ။
မျက်နှာထက်မှာ မြတ်နိုးမှုတွေပြည့်နှက်နေတဲ့ နွယ်က ခပ်ပြုံးပြုံးနဲ့စကားဆိုလာတယ် ။
''ချစ်ရတဲ့အမျိုးသမီးလေးပေါ့ ဟန်ရယ် ''
နွယ် ချစ်တဲ့အမျိုးသမီးဟာ ဘယ်သူများလဲ ။
နွယ့်ရဲ့အတိတ်တွေမှာတုန်းက နွယ်ဟာ ဘယ်သူ့ကိုမှချစ်တယ်လို့ပြောခဲ့တာမဟုတ်ဘူးလေ ။
Daraပြောပြသွားထဲက နွယ်သိပ်ချစ်တဲ့ အမျိုးသမီးကို သော်လင်းဟန်က သိချင်နေခဲ့တာ ။
အဲ့ဒါကဘယ်သူပဲဖြစ်ဖြစ် အဲ့ဒီအမျိုးသမီးဟာ သိပ်ကံကောင်းတာပဲ ။
နွယ်ချစ်တာကိုခံရတဲ့အမျိုးသမီးဟာ ဘဝအဆက်ဆက်ကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ခဲ့မှရမယ်လို့ သော်လင်းဟန်က နွယ့်ကို ဒီလိုအမွှန်းတင်ပစ်တယ် ။
YOU ARE READING
VINE(Completed)
General FictionAbout a girl who deserves all the love and affection Start Date- 22 October 2021 End Date-5 January 2022