23.

402 45 3
                                    


"မမနွယ် ယံယံလေးက မမနွယ်ကိုတွေ့ချင်လို့တဲ့ ''

ဆုဆုနှင်းအပြောအား လျစ်လျူရှု၍ လူနာမှတ်တမ်းများကို နွယ် ဆက်ပြီး စစ်ဆေးနေလိုက်သည် ။

"ယံယံက ဒီနေ့ဆေးရုံဆင်းတော့မှာတဲ့ မမနွယ်ရယ်
ဆုတို့တော့ ယံယံလေးကို လွမ်းနေရတော့မယ် ''

အမူပိုစွာ လွမ်းဆွတ်ပြနေသော ဆုဆုနှင်းအား ကြည့်ပြီး နွယ် ခေါင်းအသာရမ်းလိုက်သည် ။

ယံယံဆိုတာ အခြားသူမဟုတ်... ဟို၁၂မျိုးဟင်းချိုကောင်လေး စောယံပင် ။

ဆေးရုံတစ်ခုလုံးကလူတွေနဲ့ ဘယ်အချိန်ထဲက ရင်းနှီးသွားမှန်းပင်မသိ ။

နွယ်ကလွဲရင် ဆုဆုနှင်းတို့ မိုးပွင့်ဖြူတို့ကအစ နောက်ဆုံး အနေတည်ပါတယ်ဆိုတဲ့ လှယဥ်အထိ တယံထဲကို ယံနေကြတော့တာပဲ ။

ကျောက်ပတ်တီးစည်းပြီး အိမ်ပြန်လို့ရသည်ကို အိမ်မပြန်ဘဲ တစ်လတိတိ ဆေးရုံကို သူ့အိမ်သူ့ယာလို့သဘောထားနေသော စောယံအားလည်း နွယ်ဖြင့် ဘယ်လိုမှနားမလည်နိုင်တော့ ။

ကျောက်ပတ်တီးဖြည်ပြီးတော့လဲ ဟိုနေရာကနာတယ် ဒီနေရာက ကိုက်တယ်နဲ့ ဟန်ဆောင်ပန်ဆောင် ဒရမ်မာတွေချိုးပြီး ဆေးရုံမှာ private roomယူကာ ပေကပ်နေနေတဲ့ ၁၂မျိုးဟင်းချိုကောင်ကို သူ့မိဘတွေလဲ ဘာမှမပြောကြဘူးလားမသိပါဘူး ။

အင်း....ပိုက်ဆံရှိသားသမီးတွေများ ဘာမှမဖြစ်တာတောင် ပိုက်ဆံကုန်ခံပြီး ဆေးရုံလာတတ်တာ အခုခေတ် စတိုင်လ်တစ်မျိုးပင်ထင်ပါရဲ့ ။

နွယ်က ဒီလို ခပ်ရွဲ့ရွဲ့လေး တွေးပစ်လိုက်သည် ။

ဆုဆုနှင်းကတော့ နွယ့်ဘေးမှာ မျက်နှာငယ်လေးနဲ့ ဆေးရုံဆင်းတော့မယ် သူ့ရဲ့ယံယံကြောင့် စိတ်မကောင်းဖြစ်နေပါလေရဲ့ ။

"မမနွယ်ရယ် ဒါတွေ ထားလိုက်စမ်းပါ
ကျန်တဲ့မှတ်တမ်းတွေအကုန်စုပြီး ခဏနေရင် ဆုကိုယ်တိုင် လာပို့ပေးမယ်
အခုတော့ ယံယံကို သွားနှုတ်ဆက်လိုက်ပါဦး
သူ့ခမျာ မမနွယ်လာမှာကိုမျှော်နေရှာတာ
နွယ်တို့အကုန်လုံးနှုတ်ဆက်ပြီးပြီ မမနွယ်ပဲကျန်တော့တာ....ဒါတွေ ထားခဲ့ အခုတော့ သွား သွား ''

VINE(Completed) Where stories live. Discover now