37.(End)

1.8K 132 20
                                    


နန့်ငယ်က ပျော်ပျော်နေတတ်တဲ့မိန်းကလေးတစ်ယောက်ပါ ။

တိတိကျကျပြောရရင်တော့ နှစ်ယောက်မရှိတဲ့မောင်ငယ်လေးကိုသိပ်ချစ်ပြီး မိသားစုကို အလေးထားတတ်တဲ့ မိန်းကလေးတစ်ယောက်ပေါ့ ။

နန့်ငယ်ရဲ့မောင်လေးစောယံဟာ တစ်အိမ်လုံးရဲ့အငယ်ဆုံးလေးမို့လို့ နန့်ငယ်အပါအဝင် အမိုးတို့ ဒယ်ဒီတို့ကပါ ဖူးဖူးမှုတ်ကာ အလိုလိုက်ကြသည်။

ပျော်ပျော်နေတတ်တဲ့စောယံက သူငယ်ချင်းအပေါင်းအသင်းတွေကိုလဲခင်တွယ်တတ်တဲ့သူဖြစ်တာမို့ စောယံပြောသမျှ စကားတိုင်းမှာ ၁၀ခွန်းမှာ ၉ခွန်းကသူငယ်ချင်းအကြောင်းတွေဖြစ်သည်။

စောယံကိုသိပ်ချစ်တဲ့မိသားစုကလဲ စောယံသူငယ်ချင်းလေးတွေအထိပါလိုက်ချစ်ပေးပြီး သူတို့အငယ်ဆုံးလေးအလိုကျအတိုင်း အမြဲနေပေးခဲ့ကြတာ ။

အကုန်လုံးက အဆင်ပြေပြေ ပျော်ပျော်ရွှင်ရွှင်ရှိခဲ့ကြတာပါပဲ.....အင်း.....နွယ်ဆိုတဲ့ နာမည်တစ်ခုကို စောယံပါးစပ်ကထုတ်မပြောခင်အထိပေါ့ ။

'ရန်ဖြစ်လို့ အစောလေး ဆေးရုံရောက်နေတယ်' ဆိုတဲ့ ဒယ်ဒီရဲ့phခေါ်ဆိုမှုကို ရ,ရချင်းပဲ နန့်ငယ်ရဲ့ လုပ်လက်စအလုပ်တွေအကုန်ပစ်ထားခဲ့ပြီး ဆေးရုံကို ချက်ချင်းပြေးလာလိုက်တယ် ။

လက်ကျိုးလို့ ကျောက်ပတ်တီးစည်းထားရတဲ့မောင်ငယ်လေးကိုကြည့်ပြီး စိတ်မကောင်းလွန်းသောကြောင့် နန့်ငယ်ကတသိမ့်သိမ့်ရှိုက်ငိုတော့လဲ စောယံက နန့်ငယ်ကိုဖက်ပြီး စ,နောက်ရင်း နှစ်သိမ့်ပေးပါသည်။

၂ပတ်ထဲနဲ့ ကျောက်ပတ်တီးဖြည်လို့ရပေမယ့် တစ်လလောက် ဆေးရုံတက်ချင်တယ်ဆိုတဲ့ စောယံအား ဘာမှမမေးမိပါဘဲ စောယံအလိုကျ ဆေးရုံ၌ နေခိုင်းခဲ့သည်။

နန့်ငယ်အလုပ်ဆင်းလို့ စောယံဆီကိုရောက်ရောက်သွားတိုင်း စောယံပါးစပ်ကထွက်တဲ့စကားလုံးတွေဟာ သူငယ်ချင်းတွေအကြောင်းမဟုတ်ပါဘဲနဲ့ နွယ်ဆိုတဲ့ ဆရာဝန်မလေးတစ်ယောက်အကြောင်းဖြစ်လာခဲ့တယ် ။

နွယ့်အကြောင်းအမြဲပြောနေတဲ့စောယံရဲ့မျက်လုံးလေးတွေထဲမှာ မြတ်နိုးရိပ်တွေဖြတ်ပြေးနေတာကိုမြင်လိုက်ရတိုင်း နန့်ငယ်ဟာ တိတ်တိတ်လေး သဝန်တိုခဲ့မိတယ် ။

VINE(Completed) Where stories live. Discover now