"မမဖြူ နွယ့်ကိုလေ နောက်နှစ် ကျောင်းအင်္ကျီအသစ်တစ်စုံချုပ်ပေးမှာမလား အဲ့ဒါ နောက်နှစ်မယူတော့ဘဲ ဒီနှစ်ထဲကယူလို့ရလားဟင် ''အရောင်တောက်နေတဲ့မျက်လုံးလေးတွေနဲ့ နွယ်က မေးလိုက်တော့ မမဖြူက နွယ့်ဆံပင်လေးတွေကိုခပ်ဖွဖွပွတ်၍ ပြုံးပြသည် ။
"ဘယ်သွားစရာရှိလို့လဲ နွယ်ရဲ့ အခုထဲကဝယ်လိုက်ရင် နောက်နှစ် လူကောင်ကြီးလာရင် မတော်တော့ဘဲနေမှာပေါ့ ''
"နွယ်တို့က ကျောင်းပိတ်တော့မှာလေ မမဖြူရဲ့ အဲ့ဒါလာမယ့် တနင်္လာနေ့မှာ ဆရာကန်တော့ပွဲရှိတော့ နွယ် အင်္ကျီအသစ်လေးဝတ်ချင်လို့ပါ ''
နွယ် မဝံ့မရဲနှင့်တောင်းဆိုမိသည် ။
တကယ်တော့ နွယ်တို့အိမ်အခြေအနေနဲ့ဆိုရင် ဘာကိုမှ မတောင်းဆိုသင့်မှန်း နွယ်သိပါသည် ။
နွယ် အခုလို ၈တန်းအထိကျောင်းတက်နေနိုင်တယ်ဆိုတာကလဲ မမဖြူရဲ့ကျေးဇူးတွေအများကြီးပါသည် ။
မမဖြူက ၄တန်းနှင့် ကျောင်းထွက်လိုက်ပြီး နွယ့်ကိုသာ ကျောင်းဆက်တက်စေခဲ့သည် ။
နွယ်တို့ရဲ့အိမ်အခြေအနေက ပန်းရောင်းတဲ့လုပ်စာလေးတစ်ခုပဲရှိတာမို့ အင်္ကျီအသစ်မပြောနဲ့ အခုလိုဖားဥဆွဲနေတဲ့ကျောင်းအင်္ကျီအဖြူလေးတွေတောင် သူများပေးမှကမ်းမှ ဝတ်ရခြင်းဖြစ်သည် ။
ဒါပေမယ့် မမဖြူက ပိုက်ဆံလေးတွေကိုစုထားတတ်ပြီး နွယ့်ကိုတစ်နှစ်တစ်ခါ အင်္ကျီအသစ်လေးတွေချုပ်ပေးတတ်သည် ။
မမဖြူက တစ်ခုခုကိုစဥ်းစားနေဟန်ရှိပြီးမှ နွယ့်ကိုပြုံးပြလာသည် ။
မမဖြူ ရဲ့အပြုံးတွေကလေ ရေစက်ရေပေါက်လေးတွေအတိုင်းပဲ အေးချမ်းလိုက်တာများ ။
"ဟုတ်ပါပြီ ဒါဆို မမဖြူတို့ မနက်ဖြန်ကျ အင်္ကျီသွားအပ်ရအောင်လေနော် နောက်နှစ်ကျရင်လဲ နွယ့်အတွက် မမဖြူက အင်္ကျီအသစ်တွေထပ်ချုပ်ပေးဦးမှာပါရှင် မပူနဲ့ ဟုတ်ပြီလား ''
"ဟင် မမဖြူက ဘယ်ကပိုက်ဆံရှိလို့ ထပ်ချုပ်ပေးမှာလဲ နွယ်က ဒီတစ်ခါချုပ်ပေးပြီးရင် ရပါပြီ မမဖြူရဲ့ ''
YOU ARE READING
VINE(Completed)
General FictionAbout a girl who deserves all the love and affection Start Date- 22 October 2021 End Date-5 January 2022