16.

386 46 2
                                    


"နွယ် တာ့တာနော် မနက်ဖြန်တွေ့ကြမယ် ''

"အင်း တာ့တာ ကောင်းကောင်းပြန်ကြ ''

သူငယ်ချင်းတွေကို လက်ပြနှုတ်ဆက်ပြီး ခြံတံခါးလေးကို တွန်းဖွင့်ကာ နွယ် အိမ်ထဲသို့ ကျော့ကျော့ကလေးနှင့်ဝင်လာလိုက်သည် ။

နွယ်က အခုဆို ၉တန်းကျောင်းသူကြီးတောင်ဖြစ်နေပြီလေ ။

အရင်ကနွယ်တက်ခဲ့တဲ့ကျောင်းထက် များစွာသာလွန်တဲ့ အခုနွယ်တက်နေတဲ့ အထက်တန်းကျောင်းကြီးမှာတော့ နွယ့်ကို သူဌေးဦးမျိုးမင်းရဲ့ တူမ သူဌေးသမီးလေးအဖြစ် လူတွေကသိမြင်ကြသည် ။

သူဌေးသမီးလေးဆိုတော့လဲ အပေါင်းအသင်းလုပ်ချင်တဲ့သူတွေကခပ်များများရယ်လေ ။

ရှည်လျားနက်မှောင်တဲ့ဆံနွယ်ကလေးများနှင့် ဖွံထွားလာသော ခန္ဓာကိုယ်အစိတ်အပိုင်များကြောင့် လှသွေးကြွယ်ကာ နွေဦးရဲ့ပန်းပွင့်လေးတွေလို သွက်လက်တက်ကြွနေတဲ့ နွယ့်ကို ပိုးပန်းချင်ကြတဲ့သူတွေကလဲ ဒုနဲ့ဒေးပင် ။

အချစ်ဦးနဲ့တောင်လွဲခဲ့ရတဲ့ နွယ့်ရဲ့အချစ်ရေး ကံကြမ္မာကြောင့် နွယ်ကတော့ အချစ်ဆိုတာကြီးကို ဝေးဝေးကသာရှောင်ရှားသည် ။

အင်း တကယ်တော့လဲ နွ​ယ်ကမရှောင်ရှားလို့မှမရဘဲလေ ။

အများအမြင်မှာ နွယ်က ဦးမျိုးရဲ့ တူမဆိုပေမယ့် နွယ်တို့က အကြင်လင်မယားတွေဆိုတာ ဖုံးကွယ်လို့မရတဲ့ အမှန်တရားတစ်ခုမဟုတ်လား ။

ဒါပေမယ့် နွယ် အခုလိုနေရတာကို ပျော်ပါသည် ။

အစားကောင်းစားရ ၊ အအိပ်ကောင်းအိပ်ရ ၊ အဝတ်ကောင်းဝတ်ရသည့်အပြင် သူငယ်ချင်းပေါင်းများစွာနဲ့ ရွှေဘုံစံမင်းသမီးလေးတစ်ပါးလို ဆက်ဆံခံရတဲ့ဘဝကို ဘယ်သူကများမပျော်ရွှင်ဘဲနေပါ့မလဲ ။

"နွယ် ဒီမှာခဏလာထိုင်ပါဦး! "

ဧည့်ခန်းဘက်မှ ခပ်ဆက်ဆက်ခေါ်သံကိုကြားမှ နွယ် လှေကားပေါ်သို့တက်မည့်ခြေလှမ်းများရပ်တန့်သွားကာ အသံလာရာကို လှည့်ကြည့်လိုက်သည် ။

ကြည့်စမ်းပါဦး နွယ်ဟာလေ အတွေးလွန်နေတာများ ဧည့်ခန်းထဲမှာ ဦးမျိုးထိုင်နေတာကိုတောင် မတွေ့မိဘူး ။

VINE(Completed) Tempat cerita menjadi hidup. Temukan sekarang