မျက်လုံးလေးကို ခပ်သာသာမှိတ်၍ ဖြေးညှင်းစွာ တိုးဝှေ့တိုက်ခက်နေသော လေညှင်း၏အထိအတွေ့ကိုခံစားနေမိသည် ။တစ်ချက်ချက်တိုက်ခက်လာတဲ့ လေအဝှေ့မှာ ပါလာတတ်တဲ့ ပန်းအနံ့တစ်မျိုးကလဲ နှာဖျားထိပ်သို့ ထိတွေ့ကျီစယ်နေပြန်သည် ။
မမြင်ရပါဘဲနဲ့တောင် နှုတ်ခမ်းထက်မှာ အပြုံးတစ်ခုဖြစ်ပေါ်လာစေတဲ့အထိ သဘာဝတရားရဲ့ အထိအတွေ့တိုင်းက လှပလွန်းသည် ။
လှပသော ဘသာဝတရားကို တွေ့လိုမြင်လိုစိတ်က ဖြစ်ပေါ်လာရပြန်တာမို့ မျက်လုံးများကို ဖြေးညှင်းစွာ ဖွင့်လိုက်သည် ။
ဘုရားရေ.....နွယ် အခု ဘယ်ကိုရောက်နေတာလဲ ။
အဝါရောင် ပန်းခင်းကြီး တိတိကျကျပြောရရင် နွယ် ဖတ်နေကျ magazine စာအုပ်တွေထဲမှာပါတဲ့ နွယ် သိပ်ကိုမြင်ချင်တွေ့ချင်ခဲ့ဖူးတဲ့ အဝါရောင် canola ပန်းခင်းကြီးထဲမှာ နွယ်ရောက်နေတာပဲ ။
ကိုယ့်မျက်လုံးကိုယ်မယုံနိုင်စွာ နွယ် လက်ဖြင့်ပွတ်သပ်ပစ်လိုက်ပြီး ပြန်ကြည့်တော့လဲ နွယ်က တကယ်ကိုမှ canolaပန်းခင်းကြီးရဲ့ အလယ်မှာ မက်တပ်ရပ်နေတာပဲ ။
အု... အု...
နွယ် အံ့သြ၍ပင် မဆုံးသေး ခြေထောက်နားကို လာထိတွေ့နေတဲ့ ခပ်နွေးနွေး အရာတစ်ခုကြောင့် အောက်ကိုငုံ့ကြည့်လိုက်သည် ။
နွယ့်ကို မော့ကြည့်ကာ အမြီးလေးလှုပ်နေတဲ့ အညိုရောင် Fluffy ခွေးပုလေးတစ်ကောင် ။
နွယ်က ခွေးမချစ်တတ်ဘူး ။
အို....နွယ်က ဘယ်သူ့ကိုမဆို မချစ်တတ်တာပါ ။
ကလေးကအစ ခွေးကအဆုံး ဘယ်သူ့ကိုမှမချစ်ဘူး ။ဒါပေမယ့် ဒီ အညိုရောင် ခွေးပုလေးကိုတော့ ကိုင်တွယ်ကြည့်ချင်စမ်းပါဘိ ။
"Lusi! Lusiက ဒီရောက်နေတာပဲ ''
ခွေးပုလေးကို နွယ် မကောက်ချီခင်မှာဘဲ အရင်ကောက်ချီသွားတဲ့ လက်တစ်စုံနှင့် သြရှရှအသံတစ်ခုကြောင့် နွယ် မော့ကြည့်လိုက်သည် ။
"ကိုကိုက Lusiကို လိုက်ရှာနေတာ ''
နွယ့်ကိုအဖက်မလုပ်ပါဘဲ ခွေးပုလေးက ပွတ်သပ်နေတဲ့သူကြောင့် နွယ် အသက်အောင့်ထားမိသည် ။
YOU ARE READING
VINE(Completed)
General FictionAbout a girl who deserves all the love and affection Start Date- 22 October 2021 End Date-5 January 2022