19.

428 51 4
                                    

(A/N- part 18မှာ ဇာတ်လမ်းနည်းနည်းပြင်ထားတာမို့လို့ part 18ကို အရင်ဖတ်ပေးပါဦးနော်)
.
.
.
.
.
.
ကိုလင်းတို့မင်္ဂလာပွဲပြီးတဲ့နောက်မှာတော့ နွယ်ဟာ ပုံမှန်အတိုင်းပဲ ကျောင်းပြန်တက်ခဲ့သည် ။

ကျောင်းကလူတွေရဲ့ သနားကရုဏာသက်သံတွေ ကဲ့ရဲ့ရှုံ့ချသံတွေကလဲ တစ်စထက်တစ်စ တိတ်ဆိတ်လာခဲ့ပါသည် ။

လူတွေဆိုတာ ချီးမွမ်း၇ရက် ကဲ့ရဲ့ ၇ရက်တွေပဲလေ ။

အဲ့ဒါကြောင့်မို့ ပတ်ဝန်းကျင်ကပြောသမျှကို လိုက်ခံစားမနေတော့ဘဲ ပုံမှန်အတိုင်းပဲ နွယ့်ရဲ့ နေ့စဥ်ဘဝကို ဖြတ်သန်းဖြစ်သည် ။ 

အတန်းထဲကိုရောက်တော့ နွယ့်ထက် အရင်ကြိုရောက်နှင့်နေပြီဖြစ်တဲ့ လှယဥ်နဲ့ နွယ်လေးခင်က နွယ့်ကို ပြုံးပြနှုတ်ဆက်နေတာမို့ နွယ်လဲ ပြန်၍ ပြုံးပြနှုတ်ဆက်လိုက်သည် ။

ဒေစီဝင်းကတော့ အိမ်ထောင်ရှင်မဖြစ်သွားပြီမို့ ကျောင်းတစ်နှစ်နားလိုက်တယ်လို့တော့ လှယဥ်တို့ပြောနေသံများကို နွယ် တစွန်းတစကြားမိတာပဲ ။

ထို့နောက် ရှေ့ဆုံးတန်းရဲ့တစ်နေရာမှာပဲ နွယ်ဝင်ထိုင်ဖြစ်သည် ။

ကိစ္စတွေအားလုံးပြီးထဲက နွယ်က လှယဥ်တို့နှင့်ပါ ခပ်ကင်းကင်းနေပစ်လိုက်သည် ။

တကယ်တော့ လှယဥ်တို့နဲ့တင်မဟုတ်ပါဘူး အတန်းထဲက လူအားလုံးရဲ့ အဝေးမှာနေပစ်လိုက်တာပါပဲ ။

နွယ့်အကြောင်းကို သွားပုပ်လေလွင့် မပြောကြတော့ဘူးဆိုပေမယ့် သူတို့အားလပ်ချိန်မှာပြောလေ့ရှိကြတဲ့ အတင်းအဖျင်းတွေထဲမှာတော့ အခုထိ နွယ့်နာမည်က ပါစမြဲပဲလေ ။

လူတွေဟာ ကိစ္စတစ်ခုကိုသိပြီးတာနဲ့ အချိန်တွေဘယ်လောက်ကြာကြာ သူတို့ပြောချင်လာပြီဆိုရင် ချီးခြောက်ရေနူးသလို အမြဲစမြုပ်ပြန်ကြတော့တာပဲ ။

အဲ့ဒါမို့ သူတို့ကို ဟန်ဆောင်ပေါင်းသင်းနေမယ့်အစား သူတို့နဲ့အဝေးဆုံးမှာ နေပစ်လိုက်တာက နွယ့်အတွက် စိတ်ချမ်းသာရပါသည် ။

ဒါတောင် သူတို့က တစ်ခါတစ်လေ နွယ့်ကို အပယ်ခံလေးဆိုပြီး မကြားတကြား စောင်းမြောင်းပြောဆိုကြသေးတယ် ။

VINE(Completed) Where stories live. Discover now