10.

460 51 2
                                    

'ဖြန်း'

နွယ်၏ ပါးတစ်ဖက်၌ ပူထူသွားသောအထိအတွေ့တစ်ခုကို ရုတ်တရက်ခံစားလိုက်ရသည် ။

စာမေးပွဲဖြေဖို့ နာရီဝက်ပဲလိုတော့တာကြောင့် canteen၌ ကျောင်းသားအများအပြားလည်းရှိနေရာ အကုန်လုံး၏အကြည့်များက နွယ့်ထံသို့ ဆိုက်ရောက်လာကြသည် ။

ပူထူသွားသောပါးတစ်ဖက်ကိုကိုင်၍ နွယ့်ကို ကိုယ်ထိလက်ရောက်စော်ကားတဲ့သူကိုကြည့်မိလိုက်တော့ မျက်နှာထားတင်းတင်းနှင့် သက်ကြီးပိုင်းအမျိုးသမီးတစ်ယောက်အား တွေ့ရသည် ။

ဒီအမျိုးသမီးက နွယ်သိတဲ့ တစ်ယောက်ယောက်နဲ့များ တူနေသလားလို့ ။

နွယ့်ရဲ့အကျင့်စရိုက်အရ နွယ်က ခံရတဲ့သူဖြစ်ပေမယ့် ပြဿနာများကို ​အေးအေးဆေးဆေးသာဖြေရှင်းလိုစိတ်ရှိတာမို့ ထိုအမျိုးသမီးကြီးအား အကျိုးအကြောင်းမေးရန်ပြင်လိုက်စဥ်

"ငါ့သားနဲ့လမ်းခွဲပေး ''

မာန်ပါပါနှင့်ပြောလာသည်က ကိုလင်းရဲ့အမေဖြစ်သူတဲ့လေ ။

ကိုလင်းရဲ့အမေက ပါးတစ်ချက်ရိုက်တာကလွဲလို့ ရုပ်ပျက်ဆင်းပျက်မဖြစ်ဘဲ စကားကိုထိန်းပြောနေတဲ့ပုံက သူ(မ)၏ သိက္ခာကို လှစ်ဟပြနေသည် ။

နွယ်က ရုပ်ရှင်ကားတွေထဲကလို တစ်စုံတစ်ယောက်နဲ့လမ်းခွဲဖို့ ပိုက်ဆံရတာတို့ ရေနဲ့အပက်ခံရတာတို့မဟုတ်ဘဲ ပါးတစ်ချက်အရိုက်ခံလိုက်ရသည် ။

နွယ်က ချို့ယွင်းချက်ဘယ်လောက်ရှိရှိ ပါးတစ်ချက်အရိုက်ခံရတဲ့အထိတော့ ချို့ယွင်းမနေဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်သိသည် ။

"နွယ့်ကို ဘယ်သူကမှအမိန့်လာပေးလို့မရဘူး အန်တီ
ကိုလင်းနဲ့လမ်းခွဲမယ် ၊ လမ်းမခွဲဘူးဆိုတာ နွယ်ဆုံးဖြတ်မယ့်ကိစ္စပါ အန်တီဝင်မပါသင့်ဘူးထင်တယ် ''

မျက်ခုံးကိုသာသာလေးပင့်ကာ နွယ့်ကိုကြည့်လာတဲ့ ကိုလင်းအမေက အနည်းငယ်တော့ အံ့သြသွားဟန်တူသည် ။

နွယ်ဟာ ဘယ်လောက်ပဲချို့တဲ့နေပါစေ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အောက်ကျမခံတဲ့မိန်းမတစ်ယောက်ဖြစ်သည် ။

VINE(Completed) Where stories live. Discover now