ကျောင်းပွဲတော်နေ့ဖြစ်သည့်အလျောက် ကျောင်းဝန်းတစ်ခုလုံး၌ ကျောင်းသားများနှင့် ဆရာများအပါအဝင် ဧည့်သည်များဖြင့်ပြည့်နှက်ကာ စည်ကားနေသည် ။စားသောက်ဆိုင်တန်းများကအစ gameဆော့တဲ့နေရာများအပြင် singing contest လဲရှိတာမို့ ကျောင်းဝန်းတစ်ခုလုံး၌ သီချင်းသံချိုချိုလေးများဖြင့် ဖုံးလွှမ်းနေသည်။
ဒီနေ့တော့ နန့်ငယ်က သူတို့companyမှာ အရေးကြီးတဲ့အစည်းအဝေးရှိတယ်ဆိုပြီး နွယ့်ကိုတောင်ကျောင်းလိုက်မပို့နိုင်ဘဲ အစောကြီးထွက်သွားတာမို့ နွယ်တစ်ယောက်ထဲ ကျောင်းသို့လာလိုက်ရသည်။
ညနေကျရင်တော့ ကျောင်းပွဲတော်ဆီခဏဝင်ခဲ့မယ်ပြောပေမယ့် အခုတလောမှ သိပ်ကို အလုပ်ရှုပ်လွန်းနေတဲ့ နန့်ငယ်ကို နွယ်က မမျှော်ချင်တော့ပေ ။
''That couple is so adorable, huh? ''
(ဒီအတွဲလေးက တကယ်ချစ်ဖို့ကောင်းတယ်နော်)Andyက နွယ့်လက်မောင်းကိုခပ်ဖွဖွတို့ရင်း စကားပြောလာမှ နွယ်လဲ Andyပြောတဲ့ စုံတွဲလေးဆီအကြည့်ရောက်မိသည်။
နွယ်တို့ wedding boothမှာ အမှတ်တရတွေလာဖန်တီးကြတဲ့ လူတွေက သာမာန်ချစ်သူစုံတွဲလေးတွေအပြင် လိင်တူချစ်သူစုံတွဲလေးတွေတောင်ပါသေးသည်။
Andyချစ်ဖို့ကောင်းတယ်လို့ပြောတဲ့ အတွဲလေးကတော့ သာမာန်စုံတွဲလေးပါပဲ ။
နှစ်ယောက်လုံးက ကျောင်းပွဲတော်ကိုရောက်လာပြီး wedding boothကိုတွေ့မိလို့ အပျော်သဘောနဲ့ မင်္ဂလာဆောင်ကြတာမျိုးမဟုတ်ဘဲ သေချာကိုပြင်ဆင်လာခဲ့ပုံရတယ်....ကောင်မလေးဖြစ်သူက အဖြူရောင်ဂါဝန်လေးကိုဝတ်ဆင်ထားပြီး နွယ်တို့wedding boothက ဆင်ပေးထားတဲ့ wedding crownလေးရယ် မင်္ဂလာပန်းစည်းလေးရယ်နဲ့ လှချင်တိုင်းကိုလှနေသည်။
ကောင်လေးဖြစ်သူကလဲ အနက်ရောင်suitလေးကို သေသေသပ်သပ်ဝတ်ဆင်ထားပြီး ကောင်မလေးကို အမြတ်တနိုးငေးကြည့်နေတာများ မနက်ခင်းရဲ့နေရောင်ခြည်ပေါ်ခါစကိုရေးဆွဲထားတဲ့ သက်ဝင်ပန်းချီကားတစ်ချပ်လိုပဲ အပြုံးတွေကအစ တောက်ပနေသည်။
Andyနဲ့သိတဲ့ churchကျောင်းကနေ အကူအညီတောင်းထားတဲ့ ဖာသာက သတို့သားလေးနှင့် သတို့သမီးလေးကို ကောင်းချီးမင်္ဂလာပေးပြီးတဲ့နောက်မှာတော့ ချစ်စရာကောင်းတဲ့စုံတွဲလေးအပြင် ဘေး၌ ရပ်ကြည့်နေကြတဲ့ လူတွေအားလုံးရဲ့မျက်နှာထက်၌ အပြုံးကိုယ်စီနှင့်ပင်။
ESTÁS LEYENDO
VINE(Completed)
Ficción GeneralAbout a girl who deserves all the love and affection Start Date- 22 October 2021 End Date-5 January 2022