30.

443 53 0
                                    

''Today I will not teach you from your text book .
So close your books,focus on what I say then take your notes ''
(ဒီနေ့ ငါကမင်းတို့စာအုပ်ထဲက သင်မှာမဟုတ်တဲ့အတွက် မင်းတို့စာအုပ်တွေကိုပိတ်ပြီး ငါပြောတာကိုအာရုံစိုက်ပါ ပြီးတော့ notesလိုက်မှတ်ပါ)

နွယ့်ရဲ့စကားအဆုံး ကျောင်းသားတွေက စာအုပ်ပိတ်သူကပိတ် laptopပိတ်သူကပိတ်နှင့်အနည်းငယ်တော့ ရုတ်ရုတ်သဲသဲဖြစ်သွားသည် ။

အကုန်လုံးငြိမ်လောက်ပြီဆိုမှ နွယ်စာသင်ဖို့ စတင်ရသည် ။

"Ok lets get it!
Today I want to talk about serotonin.
Serotonin is the key hormone that stabilize our mood and happiness.
So we can call it 'Controller ' ''
(Ok စရအောင်...ဒီနေ့ ငါပြောချင်တဲ့အကြောင်းကတော့ serotonin အကြောင်းပဲဖြစ်တယ်....serotoninဆိုတာ ငါတို့ရဲ့ စိတ်ခံစားချက်တွေ ပျော်ရွှင်မှုတွေကို ထိန်းညှိပေးတဲ့ hormoneတစ်ခုဖြစ်တယ်....ဒါကြောင့် ငါတို့က သူ့ကို ထိန်းချုပ်သူလို့ ခေါ်လို့ရတယ်)

အကုန်လုံးက စိတ်ဝင်တစားနားထောင်နေတာမို့ နွယ် ဆက်ပြောလိုက်သည် ။

''Serotonin impacts our entire body.
It enables brain cells and nervous system cells to communicate with each other.
Serotonin also helps with sleeping,eating and digestion ''
(Serotonin က ငါတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အကျိုးသက်ရောက်မှုရှိစေတယ်....သူက ဦးနှောက်နဲ့အာရုံကြောကဆဲလ်တွေကို တစ်ခုနဲ့တစ်ခုဆက်သွယ်ဖို့ အထောက်အကူပြုစေတယ်....serotonin က အိပ်တာ စားတာနဲ့ အစာခြေတာကိုလဲ ကူညီပေးသေးတယ်)

''I have a question.
Can you tell me what activities increase serotonin if serotonin level is low ? ''
(မေးခွန်းတစ်ခုမေးချင်တယ်....တကယ်လို့ serotonin levelကျနေမယ်ဆိုရင် ဘယ်လို activities မျိုးက serotonin ကို များစေနိုင်လဲ)

နွယ်မေးတော့ ကျောင်းသားတော်တော်များများက လက်ထောင်ကြသည် ။

နွယ့်စာသင်ချိန်မှာ ကျောင်းသားတွေဒီလိုတက်ကြွနေတာမျိုးမြင်ရင် နွယ်က သိပ်သဘောကြပါသည် ။

ထို့ကြောင့် ကျောင်းသားများထဲမှာ တစ်ယောက်ကို အရင်ပြောခိုင်းလိုက်သည် ။

''Ok Scarlet? ''
(Ok Scarlet ပြော)

''I think exercise increases serotonin ''
(exercise လုပ်ခြင်းက serotoninကို တက်စေမယ်လို့ထင်တယ်)

''Correct!
Ok next one is Ray ''
(မှန်တယ်....နောက်တစ်ယောက်က Rayပြောပါ)

Scarlet ကိုမေးပြီးနောက် Rayကိုပါ တဆက်တည်းမေးလိုက်သည် ။

VINE(Completed) Where stories live. Discover now