22.

411 46 4
                                    


"မမနွယ်! မမနွယ်! "

နွယ် ဆေးရုံထဲသို့ ခြေချရုံရှိသေး နွယ်ရှိရာသို့ အမောတကော ပြေးလာတဲ့ သူနာပြုဆရာမလေး ဆုဆုနှင်းကြောင့် နွယ့်မျက်ခုံးကတော့ ခပ်လှုပ်လှုပ်ပင် ။

"ဖြေးဖြေးလာလဲ ရပါတယ် ဆုရယ်..ဘယ်လိုဖြစ်လို့ ပြေးလာရတာလဲ...ဘာတွေများအရေးကြီးနေလို့လဲ ''

မိမိအမေးကို မဖြေနိုင်သေးဘဲ လက်ကာပြကာ အမောဖြေနေသော ဆုဆုနှင်းကြောင့် နွယ် အနည်းငယ်တော့ စိတ်အေးရသည် ။

ဆုဆုနှင်းက အမောဖြေနေနိုင်သေးတယ်ဆိုတော့ ဒါက အရေးပေါ်လူနာရှိလို့ လာခေါ်တာတော့ မဟုတ်တော့ဘူးလေ ။

နွယ်တို့ အရေးပေါ်ဌာန (emergency ward)မှာဆို အရေးပေါ်လူနာရှိတာကသာ အရေးအကြီးဆုံးမဟုတ်လား ။

အမောဖြေလို့မပြီးနိုင်သေးသော ဆုဆုနှင်းကို ထားခဲ့ပြီး နွယ် လမ်းဆက်လျှောက်လာခဲ့သည် ။

ဆုဆုနှင်းကတော့ အမောဖြေလို့ပြီးရင် သူ့ဘာသာ ပြန်လိုက်လာပါလိမ့်မယ် ။

"နေပါဦး မမနွယ်ရဲ့ ဆုကိုစောင့်ပါဦး....မမနွယ်ကလဲ စိတ်ကြီးပဲ ဒီမှာ အရေးကြီးလို့ပါဆို ''

မိမိလက်ကိုလှမ်းဆွဲရင် နှုတ်ခမ်းလေးဆူကာပြောနေသော ဒီကောင်မလေးက အသက်၂၀စွန်းစွန်းသာရှိသေးတဲ့ သူနာပြုတက္ကသိုလ်ကျောင်းဆင်းလေးပင် ။

နွယ်တို့ အရေးပေါ်ဌာနမှာတော့ ဆုဆုနှင်းက အငယ်ဆုံးလေးမို့လို့ သူ(မ)နဲ့ အသက်မတိမ်းမယိမ်းရှိတဲ့ နွယ်တို့လို့ ဆရာဝန်တွေ သူ့ရဲ့ စီနီယာ သူနာပြုဆရာမတွေအပေါ် တစ်ခါတစ်ရံ အခုလို နှုတ်ခမ်းလေးဆူ၍ ဆိုးနွဲ့တတ်သည် ။

ကလေးပီပီ စကားကလဲများသေး....ဆေးရုံတစ်ခုလုံးရဲ့အကြောင်း သူ မသိတာမရှိတဲ့ စပ်စုစိန်လေးဆိုပေမယ့် အလုပ်လုပ်ရာမှာတော့ တိကျသေချာသောကြောင့် အကုန်လုံးကလဲ ချစ်ခင်ကြပါသည် ။

"ကဲ ဘာတွေများအရေးကြီးနေလဲ ဆုရယ်
အမ ခဏနေရင် လူနာတွေကို လိုက်ကြည့်ရဦးမယ်
ဆု ပြောချင်တာရှိရင် နေ့လည်ထမင်းစားနားမှပြော ဟုတ်ပြီလား ''

VINE(Completed) Where stories live. Discover now