17.

404 44 8
                                    


ကျောင်းကပြန်လာလာချင်း အိမ်ထဲတန်းဝင်လိုက်တော့ ထူးထူးခြားခြား ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ ဦးမျိုးနဲ့ သွားဆုံသည် ။

ဘာလို့ ထူးထူးခြားခြားလို့ပြောရတာလဲဆိုတော့ ဦးမျိုးနဲ့ နွယ်နဲ့ မျက်နှာချင်းမဆိုင်ဖြစ်တာ နှစ်ပတ်ကျော်....အင်း...သုံးပတ်လောက်တောင်ရှိတော့မယ်ထင်ပါတယ် ။

အတိအကျပြောရရင် ဦးမျိုးက နွယ့်ကို ရှောင်နေတဲ့သဘောပါပဲ ။

ဦးမျိုးက နွယ် ပြန်လာတာကို သတိမထားမိဟန် သတင်းစာကို စိတ်ဝင်တစားဖတ်နေသည် ။

ထူးဆန်းတာက ပါးစပ်မှာ ဆေးပေါ့လိပ်တစ်လိပ်ကို အမြဲခဲထားတတ်တဲ့ ဦးမျိုးက ဒီနေ့တော့ ဆေးလိပ်သောက်မနေခဲ့ဘူး ။

နွယ်ပြန်လာမှန်းသိပုံမရတဲ့ ဦးမျိုးကြောင့် ဦးမျိုးရှိရာ ဧည့်ခန်းထဲသို့ နွယ် ခြေသံဖွဖွနင်း၍ တရွေ့ရွေ့နှင့် သွားလိုက်သည် ။

"ဦးမျိုး နွယ် ပြန်ရောက်ပြီနော် ''

ဦးမျိုးထိုင်နေတဲ့ခုံရဲ့ မလှမ်းမကမ်းမှာရပ်၍ နွယ်က အသံခပ်တိုးတိုးနှင့် အသိပေးသလိုပြောလိုက်တော့ နွယ့်ကို မော့ကြည့်လာတဲ့ ဦးမျိုးရဲ့ မျက်ဝန်းတစ်စုံ ။

နွယ့်ကိုမြင်ပြီး မျက်ဆံနက်တွေအနည်းငယ်လှုပ်ခက်သွားတဲ့ ဦးမျိုးက နွယ့်ဆီမှ အကြည့်လွှဲပြီး သတင်းစာကို ပိတ်ကာ ခေါက်သိမ်းလိုက်သည် ။

"ပြန်လာရင် အပေါ်တက်တော့လေ နွယ်
ကိုယ် အပြင်ခဏသွားလိုက်ဦးမယ် ''

နွယ့်ကိုမကြည့်ဘဲ သတင်းစာခေါက်ပိုင်းလေးကိုကိုင်၍ ထွက်သွားသော ဦးမျိုးအား မျက်စိတစ်ဆုံးလိုက်ကြည့်၍ မသိမသာဖြင့် ပင့်သက်ရှိုက်လိုက်သည် ။

ထို့နောက် နွယ့်အခန်းရှိရာ အပေါ်ထပ်သို့သာ စိတ်ပျက်လက်ပျက်နှင့်တက်လာလိုက်တော့သည် ။
.
.
.
.
.
အခန်းထဲရောက်တော့လဲ နွယ် ကျောင်းဝတ်စုံ အဖြူအစိမ်းပင် မလဲနိုင်သေးဘဲ ကုတင်ပေါ်သို့ ခြေပစ်လက်ပစ်လှဲချကာ အတွေးနယ်ချဲ့နေမိသည် ။

ဦးမျိုးက ဘာလို့ နွယ့်ကိုရှောင်နေမှန်း နွယ် စဥ်းစားမရပေ ။

VINE(Completed) Tempat cerita menjadi hidup. Temukan sekarang