နောက်ဆုံးတော့ သူမရဲ့မွေးဖွားရာဇာတိမြို့ဖြစ်တဲ့ မြန်မာပြည်မြောက်ဖျားပိုင်းက မိုးညှင်းဆိုတဲ့ရှမ်းမြို့လေးကို ပြန်လည်ခြေချနိုင်ခဲ့ပြီဖြစ်သည်။မိုးညှင်းမြို့တွင်ကချင်နှင့်မြန်မာအပြင်တိုင်းလုံ(သျှမ်းကြီး)၊တိုင်းလျန်(သျှမ်းနီ)၊တိုင်းနေ(သျှမ်းတရုတ်)၊တိုင်းခန္တီး၊တိုင်းဆာ အစရှိတဲ့ရှမ်းတိုင်းရင်းသားများလဲ နေထိုင်ကြပါသည်။
မိုးညှင်းမြို့သည် မြန်မာပြည်မြောက်ဖျားပိုင်း၊ကချင်ပြည်နယ်အနောက်တောင်ပိုင်း မြောက်လတ္တီကျူ ၂၄ ဒီဂရီ၂၅ မိနစ်နဲ့ ၂၅ ဒီဂရီ ၂၇ မိနစ်အကြားအရှေ့လောင်ဂျီကျူ ၉၅ ဒီဂရီ ၄၅ မိနစ်နဲ့၉၆ ဒီဂရီ ၅၀ မိနစ်တို့ဆုံရာမှာ တည်ရှိပြီး မန္တလေး-မြစ်ကြီးနား မီးရထားလမ်းနဲ့ ကားလမ်းပေါ်ကမြို့လေးတစ်မြို့ဖြစ်ပါသည်။
မြို့ရဲ့လေးဖက်လေးတန်ကို တောင်တွေနဲ့ဝန်းရံထားပြီး အပူလျော့ပိုင်းစိုစွတ်ရာသီဥတုအမျိုးအစားဖြစ်သလို မြို့လေးရဲ့သမိုင်းကြောင်းကလဲ စိတ်ဝင်စားဖို့ကောင်းလှပါသည်။
တစ်ချိန်က ဂန့်ဂေါတောင်တန်းနဲ့မှန်ကင်းတောင်တန်းတွေရဲ့
အကြား မူးလွင်ပြင်မှာအာဠာဝီတိုင်း ယက္ခပူရမြို့(ယခုအခါမိူင်းဖဲ၊းခေါ်- ဘီလူးမြို့)နဲ့ လွင်ပြင်ရဲ့ အရှေ့ဘက်မှာကုရုရာဇ်တိုင်း စည်ခမ်းမြို့(ယခု အင်းတော်ကြီး)အစရှိတဲ့ မြို့တွေ ရှိခဲ့ပါသည်။အာဠာဝီတိုင်း ယက္ခပူရမြို့(ယခု-ဘီလူးမြို့)မှာ ကုဏ္ဍလအမည်ရှိတဲ့ ယက္ခမျိုးနွယ်နန်းစံပြီး ကုရုရာဇ်တိုင်း စည်ခမ်းမြို့(ယခု-အင်းတော်ကြီး)မှာတော့ဥတ္တရစောဖြူ မင်း နန်းစံခဲ့ပါသည်။ထိုတိုင်းနှစ်တိုင်းမှာ လူစင်စစ်ကနေ ကျားအဖြစ်ကို
ပြောင်းလဲနိုင်သော ထမံသီအတတ်ပညာ ထွန်းကားခဲ့ပါသည်။တန်ခူး ကဆုန်အင်းတော်ကြီးကန်ရေလဲချိန်မှာ အင်းတော်ကြီးရဲ့အရှေ့ဘက်ကမ်းအနီးက နတ်မောက်ကန်နဲ့ဟဲပုကျေးရွာအကြား ရေပြင်အောက်မှာ ထမံသီလူမျိုးတွေနေထိုင်ခဲ့တဲ့ အဆောက်အဦးများကို ယနေ့ထိတိုင်မြင်တွေ့နိုင်ပါသည်။
YOU ARE READING
Romanceသဲ "မ"ကိုလှမ်းကြည့်လိုက်သည့်အခါမှာ " မ"ကသဲကိုပြုံးပြလာသည်။ထိုခဏမှာ သဲရင်ထဲတစ်စုံတစ်ရာလှုပ်ခတ်သွားကာ သဲရဲ့ကမ္ဘာကြီးရပ်တန့်သွားသလားလို့တောင် ထင်မှတ်မိသည်။မရဲ့အပြုံးတွေကလှသည်။ဒီအပြုံးတွေကို တစ်သက်လုံးအပိုင်သိမ်းထားချင်မိသည်။ သဲ "မ"ကိုလွမ္းၾကည့္လိုက္သည့...