"သဲ သွားတော့ မလို့လား"
crop topခါးတိုလေးနဲ့စကတ်အတိုလေးကို တွဲဖက်ဝတ်ဆင်ထားတဲ့ သူမရဲ့သဲလေးကိုမြင်ရတာလှပေမယ့် နန်းသဝန်တိုချင်မိသည်။
"ဟုတ်တယ်...မ"
"နေဒီလောက်ပူနေတာကို ဘာလို့အတိုတွေဝတ်သွားရတာလဲ သဲအသားတွေနေလောင်ကုန်မှ"
"ဘာမှမဖြစ်ပါဘူး၊ခဏဆိုရင်ဆိုင်ရောက်ပါပြီ မကလဲ"
"သဲ အပေါ်ဖုံးထပ်သွားပါလား"
"ပူတယ် မရဲ့"
သဲဆင်ခြေပေးလိုက်တော့ မမျက်နှာမကောင်းဖြစ်သွားရှာသည်။
"မ...စိတ်ဆိုးသွားတာလား"
"သဲဝတ်ထားတာကြည့်လိုက်ဦး ရင်ကဟိုက်၊ခါးကတို ဗိုက်ကလဲဖော်ထားသေး၊စကတ်ကလဲတိုနေတယ်...သဲဘယ်လိုတွေဝတ်လာတာလဲ"
"ဟင်"
မဖြစ်ဘူးအဝတ်စားအမြန်ပြန်လဲဝတ်မှပါပဲ။မဟုတ်ရင် မလွယ်ဘူး။
သဲအခန်းပြန်ပြီး crop top အဝါရောင်ပြောင်လေးနဲ့nanny pantအဖြူလေးကို လဲဝတ်လိုက်ပြီးအပေါ်ဖုံးတစ်ထည်ထပ်ကာ ထွက်ခဲ့လိုက်သည်။သဲကိုလုံလုံခြုံခြုံမြင်တော့မှ မမျက်နှာလေးပြန်ပြီးရွှင်ပြုံးလာသည်။
"အင်း ဒီလောက်ဆိုရင်မဆိုးဘူး"
"သဲကတော့လွတ်လပ်စွာဝတ်ပိုင်ခွင့် အဆုံးရှုံးခံလိုက်ရတာပဲ"
"သဲကအဲ့လိုထင်တယ်လား"
မကမျက်နှာလေးမော့ကာမေးလာတော့ သဲအမြန်ခေါင်းခါလိုက်မိသည်။
"မထင်ပါဘူး မကလဲ"
"ချစ်တယ် မ...မွ..."
သဲလေး သူမပါးကိုအားပါးတရဖိနမ်းလာတာ အရာထင်သွားသလားပင်အောက်မေ့ရလောက်သည်။
သဲသူမကိုနှုတ်ဆက်ကာ ထွက်သွားပြီးနေ့လည်လောက်ကျတော့ ဆိုင်ကိုလာဖို့ဖုန်းဆက်ခေါ်လာတာမို့ နန်းထွက်ခဲ့လိုက်သည်။
သဲရဲ့ဆိုင်ကိုရောက်တော့ သဲရဲ့တပည့်မတွေလဲမတွေ့ပေ။
"မ ရောက်ပြီလား"
"သဲ ဟိုကလေးမတွေရော"
"ဒီနေ့ဆိုင်ပိတ်ရက်လေ မ"
YOU ARE READING
Romanceသဲ "မ"ကိုလှမ်းကြည့်လိုက်သည့်အခါမှာ " မ"ကသဲကိုပြုံးပြလာသည်။ထိုခဏမှာ သဲရင်ထဲတစ်စုံတစ်ရာလှုပ်ခတ်သွားကာ သဲရဲ့ကမ္ဘာကြီးရပ်တန့်သွားသလားလို့တောင် ထင်မှတ်မိသည်။မရဲ့အပြုံးတွေကလှသည်။ဒီအပြုံးတွေကို တစ်သက်လုံးအပိုင်သိမ်းထားချင်မိသည်။ သဲ "မ"ကိုလွမ္းၾကည့္လိုက္သည့...