part 2

3.2K 160 8
                                    

သဲကbroken familyမှာကြီးပျင်းလာတဲ့သူဖြစ်သည်။ဖေဖေနဲ့မေမေကသဲ၈တန်းနှစ်လောက်မှာ ကွာရှင်းလိုက်ကြပြီး မေမေကသဲကိုဖေဖေနဲ့ချန်ရစ်ထားခဲ့ပြီး ရန်ကုန်ကိုထွက်သွားခဲ့သည်။သဲဖေဖေနဲ့အတူနေခဲ့ရပေမယ့် ‌ဖေဖေ့ဆီကဂရုစိုက်ကြင်နာမှုတွေမရခဲ့ပဲ အပျော်အပါးမက်ပြီးမိန်းမရှုပ်တတ်တဲ့ဖေဖေ့ကြောင့် သဲအမြဲတမ်းအရှက်ရခဲ့သည်။

ဒါကြောင့်ပဲလားမသိဘူး ယောက်ျားတွေရဲ့အချစ်ကိုသဲနဲနဲလေးမှအယုံအကြည်မရှိသလို ပက်သတ်ချင်စိတ်လဲမရှိခဲ့ပေ။သဲကျောင်းတက်စဉ်ကာလတစ်လျှောက်လုံးမှာ သဲအနားမှာကောင်လေးတွေဝိုင်းဝိုင်းလည်နေပေမယ့် သဲယောင်လို့တောင်လှည့်မကြည့်သလို ဂရုလဲမစိုက်ခဲ့ပေ။

သဲကကျောင်းပြီးတော့ ရန်ကုန်မှာဒီဇိုင်နာသင်တန်းတက်ပြီး နယ်မှာပဲဆိုင်လေးဖွင့်ထားတာဖြစ်သည်။သဲရဲ့ဆိုင်ကအရမ်းအောင်မြင်နေတာမဟုတ်ပေမယ့် နာမည်အတန်အသင့်တော့ရှိပါသည်။အခုဆိုရင် သဲဆီမှာသင်တန်းသူ၃ယောက်ပင်ရှိနေပြီဖြစ်သည်။

သဲ ဖေဖေနဲ့အတူမနေတော့ပဲ အန်တီနန်းယဉ်တို့အိမ်မှာငှားနေတာတစ်လပင်ပြည့်တော့မည်ဖြစ်သည်။

ဖေဖေကသဲနေဖို့အိမ်ဝယ်ပေးမယ်ပြောပေမယ့် သဲမလိုချင်ပေ။သဲကအခုကိုယ့်ဟာကိုယ်ရပ်တည်နိုင်ပြီဖြစ်တဲ့အတွက် ဖေဖေ့ရဲ့ထောက်ပံ့မှုကိုလဲ သဲမလိုချင်တော့ပေ။သဲရဲကိုယ်ပိုင်ဝင်ငွေလေးနဲ့ပဲ သဲလိုချင်တာကိုရအောင်ကြိုးစားသွားဖို့ သဲဆုံးဖြတ်ထားပြီးပြီဖြစ်သည်။

မနက်က အန်တီနန်းယဉ်တို့မိသားစုကိုကြည့်ပြီး သဲမျက်ရည်ပင်လည်မိသည်။မမနန်းမေသော်တာကို သဲတစ်ကယ်ပဲအားကျမိသည်။မမနန်းကကောင်းမွန်တဲ့မိဘနဲ့ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ခွင့်ရထားခဲ့တာပဲ။

သဲဆိုင်မှာအပ်ထည်တွေလက်စသတ်သင့်တာတွေကို လက်စသတ်ပြီးတော့ ညနေစောင်းမှာဆိုင်သိမ်းကာအိမ်ကိုပြန်ခဲ့လိုက်သည်။

အိမ်ကိုရောက်တော့ အခန်းထဲဝင်ကာအဝတ်စားတွေချွတ်ပြီး  ကိုယ်မှာတဘက်လွှားကာ ရေချိုးဖို့ ရေချိုးခန်းထဲဝင်လိုက်သည်တွင် မြင်လိုက်ရသည့်မြင်ကွင်းကသဲကိုဆွံ့အသွားစေသည်။

အချစ်ဖြင့်တည်သောကမ္ဘာငယ်လေး  အချစ်ဖြင့်တည်သောကမ္ဘာငယ်လေးWhere stories live. Discover now