နန်း စာဖတ်နေတုန်းမှာသဲကအခန်းထဲကိုဝင်လာလေသည်။လက်ထဲမှာလဲ
"မ...အင်္ကျီအပ်ထားတာရပြီ"
"ဟုတ်လားသဲ တို့ကြည့်ရအောင်"
သဲယူလာတဲ့အင်္ကျီလေးကိုဒီအတိုင်းဖြန့်ကြည့်လိုက်တာတောင် အတော်လေးလှပါသည်။
"လှတယ်ကလေး..."
"မ...စမ်းဝတ်ကြည့်ပါလား အဆင်မပြေတာရှိရင်သဲပြန်ပြင်ပေးမယ်"
သူမရဲ့သဲက စမ်းဝတ်ကြည့်ဖို့ပြောတော့ နန်းအင်္ကျီကိုစမ်းဝတ်ကြည့်လိုက်သည်။သဲကတော့တစ်ဖက်ကိုမျက်နှာလှည့်ထားလေသည်။
"မ...ပြီးပြီလား"
"အင်း"
သဲချုပ်တာကိုပထမဆုံးဝတ်တာဖြစ်ပေမယ့် နန်းနဲ့အဆင်မပြေတာမရှိပေ။သဲကသူမတစ်ကိုယ်လုံးကိုသေချာစိုက်ကြည့်နေသည်မို့ နန်းနဲနဲတော့အနေခက်မိသည်။
"သဲ..."
သဲရဲ့လက်ကသူမရင်ဘတ်နားကိုရောက်လာတော့ နန်းအသက်ရဲရဲပင်မရှူရဲအောင်ဖြစ်သွားသည်။
"မ...ရင်ဘတ်နားမှာနဲနဲပွသွားသလိုပဲ သဲတိုင်းတုန်းကစိတ်လှုပ်ရှားပြီးလက်နဲနဲတုန်နေလို့"
"သဲဒီနားနဲနဲပြန်စားပေးလိုက်မယ်"
"အင်း မသိသာပါဘူးသဲ"
သဲလက်ဖယ်သွားတော့မှ နန်းအသက်ရဲရဲရှူမိတော့သည်။ထိုအဖြစ်ကိုကြည့်ရင်း သဲကရယ်နေသည်။
သဲ မရဲ့ခါးသွယ်သွယ်လေးကိုဆွဲဖက်လိုက်တော့ မရဲ့လက်လေးနှစ်ဖက်က သဲရဲ့လည်ပင်းကိုသိုင်းဖက်လာသည်။
"သဲကို ချုပ်ခဘယ်လိုပေးရမလဲပြော"
"အင်း မဆီဘယ်လောက်တောင်းရမလဲ"
သဲ စဉ်းစားသည့်ဟန်လုပ်လိုက်ပြီး
"အင်း..."မ"ကိုသဲအပိုင်ပေးလိုက်လေ၊ဒါဆိုသဲကမရဲ့ရာသက်ပန် ဒီဇိုင်နာလုပ်ပေးမယ်"
"ရှင်လေးက လူလည်မလေးပဲ"
"သဲကမလည်ပါဘူးနော် သဲကတုံးတယ် သဲဒီအသက်အရွယ်ထိချစ်သူလဲမထားခဲ့ဖူးဘူး ဘာမှလဲမဘာခဲ့ဖူးဘူး မသိရဲ့လား"
YOU ARE READING
Romanceသဲ "မ"ကိုလှမ်းကြည့်လိုက်သည့်အခါမှာ " မ"ကသဲကိုပြုံးပြလာသည်။ထိုခဏမှာ သဲရင်ထဲတစ်စုံတစ်ရာလှုပ်ခတ်သွားကာ သဲရဲ့ကမ္ဘာကြီးရပ်တန့်သွားသလားလို့တောင် ထင်မှတ်မိသည်။မရဲ့အပြုံးတွေကလှသည်။ဒီအပြုံးတွေကို တစ်သက်လုံးအပိုင်သိမ်းထားချင်မိသည်။ သဲ "မ"ကိုလွမ္းၾကည့္လိုက္သည့...