part 3

3.1K 159 2
                                    

နန်းအတော်ကြာအောင် ထိုကောင်မလေးရဲ့ရင်ခွင်ထဲမှာငိုနေမိပြီးတော့မှ ထိုကောင်မလေးရင်ခွင်ထဲကရုန်းထွက်လိုက်သည်။

"မ"

နန်း အဝတ်စားကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန်ပြုပြင်လိုက်ပြီးတော့

"ညီမ အခုကိစ္စကို တို့ဖေဖေနဲ့မေမေ မသိပါစေနဲ့နော်"

"ဟင်...ဘာလို့လဲ"

သဲ နားမလည်နိုင်ဖြစ်သွားသည်။

"ကိုမာန်က တို့နဲ့စေ့စပ်ထားတဲ့သူပါ"

"aww"

ထိုလူက မမရဲ့ခင်ပွန်းလောင်းတဲ့လား။

"ကိုမာန်နဲ့က မေမေတို့လူကြီးချင်းစီစဉ်ခဲ့တဲ့ကိစ္စပေမယ့် တို့တစ်ကယ်လက်မထပ်ချင်ဘူး"

"ဒါဆို မဘာလို့မငြင်းခဲ့ရတာလဲ"

ဘာလို့မငြင်းခဲ့ရတာလဲတဲ့လား။နန်းလဲငြင်းခဲ့ဖူးတာပေါ့။ဒါပေမယ့် နန်းဘက်ကအမှားတစ်ခုကြောင့် ကိုမာန့်ကိုလက်ခံလိုက်ရတာဖြစ်သည်။

"မ"

"တို့ကယောက်ျားလေးတွေကိုသဘောမကျဘူး ညီမ"

"ဟင်"

သဲ အံ့ဩသွားမိသည်။မလိုမိန်းကလေးကယောက်ျားလေးတွေကိုသဘောမကျဘူးတဲ့လား။ဒါဆိုရင် မက...။

"အဲ့ဒီတုန်းကတို့မှာချစ်သူရှိခဲ့တယ် "

အဲ့တုန်းကပုံရိပ်လေးတွေ နန်းမျက်လုံးထဲပြန်မြင်ယောင်လာသည်။

"နန်း...ဒီမင်္ဂလာကိစ္စကိုလက်မခံနိုင်ဘူးဖေဖေနဲ့မေမေ"

"ဘာဖြစ်လို့လဲသမီး ဖေဖေတို့အမြင်မှာတော့မောင်ထက်မာန်ကသမီးအတွက် သင့်တော်တဲ့ခင်ပွန်းလောင်းတစ်ယောက်ပဲ"

"ဟုတ်တယ် သမီး၊မောင်ထက်မာန်ကအဘက်ဘက်ကပြောစရာမရှိဘူး မေမေလဲသမီးကိုမောင်ထက်မာန်နဲ့သဘောတူတယ်"

ဖေဖေနဲ့မေမေက ဇွတ်ပဲနန်းကို ကိုမာန်နဲ့သဘောတူနေကြသည်။ဒါပေမယ့် နန်းမှာကချစ်သူရှိနေသည်။

"သမီး "

"နန်း...နန်းမှာချစ်သူရှိပါတယ်ဖေဖေနဲ့မေမေ"

အချစ်ဖြင့်တည်သောကမ္ဘာငယ်လေး  အချစ်ဖြင့်တည်သောကမ္ဘာငယ်လေးWhere stories live. Discover now