မ ထွက်သွားတာအရမ်းကြာနေပြီဖြစ်တာမို့ သဲစိတ်ပူလာသည်။ဖုန်းဆက်တော့လဲ မကဖုန်းမကိုင်ပေ။မတစ်ကယ်ပဲဘာတွေဖြစ်နေတာပါလိမ့်။
"သမီး စိတ်အေးအေးထား၊မင်းမမကသူ့သူငယ်ချင်းတွေနဲ့စကားပြောကောင်းနေတာဖြစ်လိမ့်မယ်"
"မဟုတ်ဘူး အန်တီ ၊မအရမ်းကြာနေပြီ၊သဲကိုလိပ်စာပေးပါလား သဲလိုက်သွားကြည့်လိုက်မယ်"
ထိုကလေးမ အရမ်းစိတ်ပူနေတာမို့ သမီးနန်းရဲ့သူငယ်ချင်းတွေလိပ်စာကိုပေးလိုက်သည်။
မသူငယ်ချင်းတွေအိမ်ရောက်ပေမယ့် မပြန်သွားတာကြာပြီတဲ့လား။မတစ်ကယ်ပဲ ဘယ်ရောက်ပြီးဘာတွေဖြစ်နေတာလဲမရယ်...။
"ဘာ...သမီးကသူ့သူငယ်ချင်းတွေနဲ့မရှိဘူးလား"
"ဟုတ်တယ် အန်တီနဲ့အန်ကယ်လ် သဲဘယ်လိုလုပ်ရမလဲ မတစ်ခုခုဖြစ်နေတာတော့မဟုတ်ပါဘူးနော်"
သဲရင်ထဲမှာ ဆူနာမီငလျှင်လှုပ်ခတ်နေသလိုပဲ သဲရင်ဘတ်တစ်ခုလုံးပူလောင်လို့နေသည်။
"ဘုရားရေ ဒါဆိုကျွန်မတို့သမီးကဘယ်မှာလဲ သမီးနန်းကတစ်ခါမှဒီလိုမဖြစ်ဖူးဘူးလေ အစ်ကိုလုပ်ပါဦး၊ကျွန်မတို့သမီးကိုရှာပေးပါ"
"သမီး နောက်ဆုံးသွားဖိတ်တဲ့အိမ်ကဘယ်သူ့အိမ်လို့ပြောခဲ့လဲ သမီး"
"မသူငယ်ချင်းအိမ့်မှူးစံပါ အန်ကယ်လ်၊မမဖြူကအဲ့လိုပဲပြောတယ်"
အိမ့်မှူးစံဆိုတဲ့နာမည်ကိုကြားတော့ ဒေါ်နန်းယဉ်တို့လင်မယားနှစ်ယောက်လုံးရင်ထိတ်သွားသည်။
သဲရင်တွေပူနေမိသည်။မဟုတ်မှလွဲရော မသူငယ်ချင်းအိမ့်မှူးစံဆိုတဲ့မိန်းမက မကိုများ...။ဘုရား...ဘုရား...သဲထင်သလိုမဖြစ်နိုင်လောက်ပါဘူးနော်...။
စံ ခုတင်ပေါ်မှာမေ့ဆေးအရှိန်နဲ့လဲကျနေတဲ့ နန်းကိုကြည့်ပြီးကျေနပ်စွာပြုံးလိုက်သည်။
နန်းထိုကလေးမနဲ့လက်ထပ်တော့မယ်ဆိုတဲ့သတင်းကို သူမကြားပါသည်။သူမအိမ်ကိုနန်းလာဖိတ်မည်ဆိုတာကိုလဲ စံသိနေသည်။ဒါကြောင့် နန်းအလာကိုကြိုပြီးစောင့်နေခဲ့တာဖြစ်ပြီး နန်းအိမ်ကိုရောက်လာတဲ့အခါမှာ စကားခဏပြောဖြစ်ကြပြီး နန်းပြန်ခါနီးအချိန်မှာ နန်းကိုမေ့ဆေးအဝတ်နဲ့အုပ်ကာ ခေါ်ထားလိုက်တာဖြစ်သည်။
![](https://img.wattpad.com/cover/289150322-288-k798771.jpg)
YOU ARE READING
Romanceသဲ "မ"ကိုလှမ်းကြည့်လိုက်သည့်အခါမှာ " မ"ကသဲကိုပြုံးပြလာသည်။ထိုခဏမှာ သဲရင်ထဲတစ်စုံတစ်ရာလှုပ်ခတ်သွားကာ သဲရဲ့ကမ္ဘာကြီးရပ်တန့်သွားသလားလို့တောင် ထင်မှတ်မိသည်။မရဲ့အပြုံးတွေကလှသည်။ဒီအပြုံးတွေကို တစ်သက်လုံးအပိုင်သိမ်းထားချင်မိသည်။ သဲ "မ"ကိုလွမ္းၾကည့္လိုက္သည့...