သဲအိမ်ကိုပြန်ရောက်ပြီးတော့ အစ်ကိုမင်းသူနှင့်မင်္ဂလာကိစ္စကိုဖျက်ဖို့ ဆုံးဖြတ်လိုက်သည်။သဲမှာလက်ထပ်ထားတဲ့သူရှိနေပြီပဲ ဘာဖြစ်လို့ ဒီလူနဲ့လက်ထပ်နေဦးမှာလဲ။
အရင်ကသဲ အစ်ကိုမင်းသူကိုချစ်သူအဖြစ်တွဲခဲ့တယ်ဆိုတာ ထိုလူ့ကိုသဲအနေနဲ့ချစ်လို့မဟုတ်ပဲ သဲအတိတ်မေ့နေစဉ်ကာလမှာ ပထမဆုံးသိကျွမ်းရင်းနှီးတဲ့သူက အစ်ကိုမင်းသူဖြစ်နေတာဖြစ်ပြီး သဲအနေနဲ့ကိုယ့်ဟာကိုယ်ဘယ်သူဘယ်ဝါမှန်း မမှတ်မိတဲ့အခြေအနေမှာ သဲအစ်ကိုမင်းသူကိုအရမ်းအားကိုးခဲ့ရသလို သဲကိုဂရုမစိုက်ပဲပစ်သွားမှာကိုလဲ စိတ်ပူခဲ့မိသည်။ထို့ကြောင့်ပဲ အစ်ကိုမင်းသူသဲကိုဖွင့်ပြောလာတဲ့အခါမှာ ချက်ချင်းလက်ခံခဲ့မိတာဖြစ်သည်။
အခုနေမှ လက်ထပ်ဖို့ကိစ္စဖျက်သိမ်းဖို့ပြောရင် သဲကိုနားလည်ပေးနိုင်ပါ့မလား။
"သဲ ဘာတွေတွေးနေတာလဲ ကိုယ်ကြည့်နေတာကြာပြီသဲတစ်ခုခုဖြစ်နေတာလား"
"ကိုမင်း"
"အင်း ပြောလေသဲ"
"သဲ...သဲအတိတ်ပြန်သတိရပြီ"
"ဘယ်လို အဲ့ဒါတစ်ကယ်လားသဲ၊သဲအတွက်ကိုယ်ဝမ်းသာပါတယ် သဲအမြဲတမ်းသဲရဲ့အတိတ်ကိုသိချင်နေခဲ့တာမဟုတ်လား ကိုယ်တစ်ကယ်ဝမ်းသာတယ်သဲ"
သူကဘာမှမသိပဲ ဝမ်းသာနေရှာသည်။သဲကလမ်းခွဲဖို့ပြောရင်ရော အခုလိုဝမ်းသာနိုင်ပါဦးမလား။
"မဟုတ်ဘူး သဲမျက်နှာကဘာဖြစ်လို့စိတ်မကောင်းသလိုဖြစ်နေရတာလဲ"
"သဲ...သဲတောင်းပန်ပါတယ်ကိုမင်း၊သဲတို့လမ်းခွဲကြရအောင်"
"ဘာ"
မင်းသူ အထိတ်တလန့်ဖြစ်သွားသည်။သဲကအတိတ်သတိရတာနဲ့ချက်ချင်းလမ်းခွဲစကားဆိုလာပါလား။ဒါဘာလို့များလဲ။
"သဲ...ဘာတွေပြောနေတာလဲ၊ကိုယ်တို့ဒီနှစ်နှစ်လုံးချစ်ခဲ့ကြတာပဲမဟုတ်လား အခုမှဘာလို့"
"သဲမှာအိမ်ထောင်ရှိတယ်"
"ဘာ"
သူ့ရဲ့သဲမှာအိမ်ထောင်ရှိတယ်တဲ့လား။မယုံနိုင်စရာပါပဲ။မဟုတ်သေးဘူး သဲမှာအိမ်ထောင်ရှိရင် အန်ကယ်လ်ကရောဘာလို့ သူနဲ့သဲကိုခွင့်ပြုပေးခဲ့သေးလဲ။သဲအတိတ်သတိမရပေမယ့် အန်ကယ်လ်ကတော့ အားလုံးသိနေတဲ့သူမဟုတ်လား။
YOU ARE READING
Romanceသဲ "မ"ကိုလှမ်းကြည့်လိုက်သည့်အခါမှာ " မ"ကသဲကိုပြုံးပြလာသည်။ထိုခဏမှာ သဲရင်ထဲတစ်စုံတစ်ရာလှုပ်ခတ်သွားကာ သဲရဲ့ကမ္ဘာကြီးရပ်တန့်သွားသလားလို့တောင် ထင်မှတ်မိသည်။မရဲ့အပြုံးတွေကလှသည်။ဒီအပြုံးတွေကို တစ်သက်လုံးအပိုင်သိမ်းထားချင်မိသည်။ သဲ "မ"ကိုလွမ္းၾကည့္လိုက္သည့...