သဲ အိမ်ကကားလေးနဲ့မြို့ထဲထွက်ခဲ့ရင်းက မိုးညှင်းဘက်ရောက်မှန်းမသိရောက်ခဲ့လေသည်။သဲသတိဝင်လာတဲ့အခါမှာ မိုးညှင်းရောက်လာပြီဖြစ်သည်။
သဲဘယ်လိုလုပ်ပြီး တစ်ယောက်ထဲမိုးညှင်းထိမောင်းလာခဲ့ပါလိမ့်။ဒါကရော ဘယ်သူ့အိမ်များလဲ။သဲဘာလို့ဒီအိမ်ရှေ့ကိုမောင်းလာခဲ့ရတာလဲ။
"ဟင် အမလေး သဲ...သဲသဲ"
"သ...သမီးကသဲသဲ သဲသဲအစစ်လား"
အန်တီကြီးတစ်ယောက်က သဲကိုမြင်တော့အံ့ဩထိတ်လန့်ပြီးမေးလာသည်။
"အန်တီရော သဲကိုသိတာလား"
"သမီး တစ်ကယ်ပဲသဲသဲပေါ့"
ထိုအန်တီကြီးကသဲကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး မေးလာသည်။
"သမီးလာ အထဲဝင်၊သမီးကိုအမေတို့ကaccidentနဲ့ဆုံးသွားခဲ့ပြီမှတ်တာ ဘယ်လိုဖြစ်ခဲ့တာလဲ"
ဒီအန်တီက သူ့ကိုယ်သူအမေတဲ့လား။သဲနဲ့ဘယ်လိုပက်သတ်နေလို့လဲ။
သဲအိမ်ထဲဝင်လိုက်တော့ ဒီအိမ်ရဲ့ရင်းနှီးတဲ့အငွေ့အသက်တို့ကိုခံစားရလေသည်။
"ဟင်"
မမနန်းပါလား။ဒါဆို ဒီအိမ်ကသဲငှားနေခဲ့ဖူးတယ်ဆိုတဲ့ မမနန်းတို့အိမ်များလား။ဒါကြောင့် ဒီအိမ်ကသဲနဲ့မစိမ်းလှပဲ ရင်းနှီးသလိုခံစားနေရတာဖြစ်မည်။
"သဲ....သဲဘယ်လိုဖြစ်ပြီးမအိမ်ကို"
အိမ်ကိုရုတ်တရုတ်ရောက်ချလာတဲ့ သဲကိုကြည့်ပြီးနန်းအံ့အားသင့်နေမိသည်။
"မမ"
သမီးနန်း သဲသဲကိုအခုလိုမြင်တာတောင် အရမ်းအံ့ဩမနေပါလား။
"သမီး သဲသဲကလေ"
"သဲမသေတာနန်းသိပြီးပါပြီ"
"ဘယ်လို"
သမီးက သဲသဲအသက်ရှင်နေသေးတာကိုသိနေခဲ့တာလား။ဒေါ်နန်းယဉ် နားမလည်နိုင်ပေ။ထိုစဉ် ခြံထဲကအစ်ကိုရောက်လာကာ သဲကိုမြင်တော့ အရမ်းအံ့ဩသွားလေသည်။
"မိန်းမ ဒါက..."
"ဒါကဘယ်လိုဖြစ်ပြီး"
ဦးဘုန်းမြင့် သဲသဲကိုတအံ့တဩဖြစ်နေသည်။သေပြီဆိုပြီး ရက်လည်ဆွမ်းကအစ လုပ်ခဲ့ပြီးပြီမဟုတ်လား။အခုတော့ ၂နှစ်အကြာမှာ မသေပဲအိမ်ကိုပြန်ရောက်လာတာလား။
YOU ARE READING
Romanceသဲ "မ"ကိုလှမ်းကြည့်လိုက်သည့်အခါမှာ " မ"ကသဲကိုပြုံးပြလာသည်။ထိုခဏမှာ သဲရင်ထဲတစ်စုံတစ်ရာလှုပ်ခတ်သွားကာ သဲရဲ့ကမ္ဘာကြီးရပ်တန့်သွားသလားလို့တောင် ထင်မှတ်မိသည်။မရဲ့အပြုံးတွေကလှသည်။ဒီအပြုံးတွေကို တစ်သက်လုံးအပိုင်သိမ်းထားချင်မိသည်။ သဲ "မ"ကိုလွမ္းၾကည့္လိုက္သည့...