part 8

3K 152 2
                                    

ငွေတောင်တန်းစားသောက်ဆိုင်ရဲ့ သီးသန့်ခန်းလေးထဲမှာ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတို့ ရှိနေကြလေသည်။ထိုသူတို့ကား နန်းနဲ့မာန်ပဲဖြစ်သည်။

နှစ်ယောက်သား ဘာစကားမှမဆိုဖြစ်ကြပဲ အချိန်အကြာကြီးရှိနေပြီးမှ မာန့်ဆီမှစကားသံစထွက်လာသည်။

"နန်း..."

"ကိုယ်စိတ်လိုက်မာန်ပါနဲ့သတင်းစာမှာကြေငြာလိုက်မိတာ ကိုယ်တောင်းပန်ပါတယ်"

ကိုမာန့်ဘက်ကအရင် နန်းကိုတောင်းပန်လာလေသည်။

"မဟုတ်တာ ကိုမာန်မမှားပါဘူး၊ကျွန်မကတောင်ကိုမာန့်ကိုကျေးဇူးတင်နေပါသေးတယ်"

ကျေးဇူးတင်တယ်တဲ့လား။ဟုတ်မှာပါ နန်းကအစကတည်းကသူ့ကိုမှ မလိုချင်ခဲ့တာပဲလေ။ဒါကြောင့် သူ့ကိုကျေးဇူးတင်နေတာပဲဖြစ်မည်။

မာန့်အနေနဲ့ နန်းရဲ့အမှန်တရားကိုသိလိုက်ရတော့ စစချင်းမယုံကြည်နိုင်ဖြစ်ကာ စိတ်ဆိုးသွားမိပေမယ့် နန်းကိုမုန်းနိုင်သလားဆိုလဲ မမုန်းရက်နိုင်ပေ။နန်းကိုတစ်ကယ်ပဲ နှမျောနေမိသည်။

"နန်းကိုယ်ထပ်ပြီးတောင်းပန်ပါတယ် ပြီးတော့အဲ့ဒီနေ့ကနန်းကို ပြောဆိုခဲ့မိတဲ့အတွက်လည်းကိုယ်တောင်းပန်ပါတယ် "

"ကျွန်မစိတ်ထဲမထားပါဘူးကိုမာန်"

နန်းအတွက်သူကအဲ့လောက်တောင်ဘောင်မဝင်ခဲ့ဘူးလား။နန်းကစကားကိုပေါ့ပေါ့ပါးပါးလေးပြောနေပေမယ့် မာန့်ရင်ထဲမှာတော့နာကျင်ခြင်းတွေပြည့်နေသည်။ဒီမိန်းမလှလေးကို တစ်နေ့သူ့ဇနီးဖြစ်လာမယ့်သူဆိုပြီး သူဘယ်လောက်မျှော်လင့်ပြီးတန်ဖိုးထားချစ်ခဲ့ရလဲ။

ဒါကြောင့်လဲဖေဖေနဲ့မေမေက နန်းနဲ့မြန်မြန်လက်ထပ်စေချင်ခဲ့တာတောင် နန်းစိတ်မပါတာမို့ နန်းကိုငဲ့ညှာကာ ‌မိဘတွေအမြင်မှာသူကပဲလက်မထပ်ချင်သေးသလို နေပြခဲ့သည်။ဒါကနန်းအပေါ် မိဘတွေငြိုငြင်မှာစိုး၍ဖြစ်သည်။ဒါကိုနန်းကတော့သိမှာမဟုတ်ပေ။

"နန်း အခုကိုယ်တို့တွေမိတ်ဆွေတွေအဖြစ်တော့ဆက်ပြီးခင်မင်လို့ရသေးတယ်မဟုတ်လား"

အချစ်ဖြင့်တည်သောကမ္ဘာငယ်လေး  အချစ်ဖြင့်တည်သောကမ္ဘာငယ်လေးWhere stories live. Discover now