သဲအတွက် အနီရောင်ဆွယ်တာအင်္ကျီလေးကို နန်းစိတ်ရှည်စွာထိုးနေမိသည်။ထိုစဉ်မှာ
"မိနန်း ညည်းဘယ်အချိန်ထိဒီလိုအသုံးမကျတဲ့လုပ်ရပ်တွေလုပ်နေဦးမှာလဲ"
ဆူလာသည်ကနန်းမေမေ။ချည်ထိုးနေတဲ့နန်းလက်တွေရပ်တန့်သွားသည်။
"ထွက်သွားတဲ့သူကသွားပြီပဲ ညည်းနှယ်အေ နှစ်တွေပဲဘယ်လောက်ကြာပြီလဲ ညည်းဒီလိုပုံစံဖြစ်နေတာကို သဲသာမြင်နေရမယ်ဆိုရင် သူလဲဘယ်လောက်ရင်နာရှာမလဲ"
မေမေ့စကားကြောင့် နန်းမျက်ရည်တွေဝိုင်းလာသည်။ဟုတ်သည် သဲသူမဘဝထဲကထွက်သွားခဲ့တာ အခုဆိုရင်၂နှစ်တောင်ရှိခဲ့ပြီဖြစ်သည်။
"သဲ လမ်းခရီးမှာဂရုစိုက်နော်"
"ဟုတ်ကဲ့ပါ မဘာမှစိတ်မပူပါနဲ့သဲဂရုစိုက်ပါ့မယ်"
"သဲသွားပြီနော်မ bye'
သဲတို့ကားလေးထွက်ခွာသွားတော့ နန်းမျက်ရည်တွေကျလာသည်။သဲခဏလေးသွားတာကို ဘာလို့များဒီလောက်ထိစိတ်မကောင်းဖြစ်နေရတာပါလိမ့်။
တစ်ကယ်လို့ ဒီနေ့ခွဲခွာခြင်းက သူမတို့အတွက်နောက်ဆုံးဖြစ်ခဲ့မယ်ဆိုတာ ကြိုသိခွင့်ရခဲ့မယ်ဆိုရင်...။
သဲရန်ကုန်ဆင်းသွားသည့်နေ့က သဲကိုနောက်ဆုံးမြင်တွေ့လိုက်ရတာဖြစ်သည်။တစ်ကယ်လို့ အဲ့ဒီနေ့ကသဲနဲ့နန်းနဲ့နောက်ဆုံးနေ့ဆိုတာ ကြိုသိခဲ့မယ်ဆိုရင် သဲကိုသူမအနားကထွက်သွားခွင့်ပြုခဲ့မည်မဟုတ်ပေ။
နန်းနေ့လည်အတန်းချိန်ဝင်တော့ အတန်းတစ်ခုလုံးသတင်းတစ်ခုကြောင့်ပွက်လောရိုက်လို့နေလေသည်။
"သမီး ဘာဖြစ်လို့လဲ"
နန်း အနီးနားကကျောင်းသူတစ်ယောက်ကိုလှမ်းမေးလိုက်သည်။
"ဟိုဟာလေတီချယ်၊ဒီနေ့မနက်ရန်ကုန်ဆင်းသွားတဲ့ကား လမ်းမှာaccidentဖြစ်လို့"
ရန်ကုန်ဆင်းသွားတဲ့ကားဆိုတော့ နန်းရင်ထဲထိတ်ခနဲဖြစ်သွားသည်။
"ဘယ်...ဘယ်ယာဉ်လိုင်းလဲ သမီး"
"...........အဲ့Expresssယာဉ်လိုင်းတီချယ်၊ကားတစ်စီးလုံးအသက်ရှင်ကျန်ရစ်သူမရှိဘူးတဲ့ တစ်ကယ်သနားဖို့ကောင်းတယ်"
![](https://img.wattpad.com/cover/289150322-288-k798771.jpg)
YOU ARE READING
Romanceသဲ "မ"ကိုလှမ်းကြည့်လိုက်သည့်အခါမှာ " မ"ကသဲကိုပြုံးပြလာသည်။ထိုခဏမှာ သဲရင်ထဲတစ်စုံတစ်ရာလှုပ်ခတ်သွားကာ သဲရဲ့ကမ္ဘာကြီးရပ်တန့်သွားသလားလို့တောင် ထင်မှတ်မိသည်။မရဲ့အပြုံးတွေကလှသည်။ဒီအပြုံးတွေကို တစ်သက်လုံးအပိုင်သိမ်းထားချင်မိသည်။ သဲ "မ"ကိုလွမ္းၾကည့္လိုက္သည့...