"သမီးသဲသဲပြန်လာတာစောလှတယ် အန်တီကသမီးကိုဟိုမှာ၃ရက်၄ရက်လောက်နေမယ်မှတ်နေတာ"
"ဟုတ် အန်တီ၊အစကသဲလဲအိမ်မှာတစ်ပတ်လောက်နေမလို့ပါပဲ ဒါပေမယ့်ဖေဖေကသဲကိုလိမ်ပြီးခေါ်လိုက်တာမို့လေ"
သဲသဲရဲ့စကားကိုဒေါ်နန်းယဉ်နားမလည်နိုင်ဖြစ်ရပြန်သည်။အဖေကသမီးကိုတွေ့ချင်လို့လိမ်ပြီးခေါ်ရတယ်တဲ့လား။
"ကားမောင်းလာရတာညောင်းလိုက်တာ သွားနားလိုက်ဦးမယ် သဲရောသွားနားရအောင်လေ...လာ..."
သဲအနေခက်စရာတွေ မေမေထပ်မေးနေမှာစိုး၍ သဲကိုတမင်ခေါ်ထုတ်ကာ အပေါ်ထပ်ကိုတက်ခဲ့လိုက်သည်။
"မ...ပင်ပန်းနေလား"
"အဟင်း မပင်ပန်းပါဘူး"
သဲ မရဲ့အခန်းကိုလိုက်ဝင်သွားဖြစ်သည်။
"မ ညောင်းနေရင်သဲနှိပ်ပေးမယ်လေ"
"ရပါတယ် သဲရဲ့ဒီလောက်ခရီးလေးနဲ့ဘာမှမဖြစ်ဘူး"
မကသူမကိုအားနာနေတာဖြစ်မည်။
"လာပါမကလဲ သဲနှိပ်ပေးပါ့မယ်"
မကိုယ်လေးကိုဆွဲလှည့်လိုက်ပြီး ပုခုံးနဲ့ကျောပြင်ကို
နှိပ်ပေးဖြစ်သည်။မရဲ့အသားလေးကနူးညံ့နေတာပဲ။(အသားယူနေတာ😁)နှိပ်ပေးနေရင်း မကိုယ်လေးတစ်ချက်တစ်ချက်တွန့်သွားတာကိုသတိထားမိသည်။ခဏကြာတော့
"အာ့...ရပြီ...ရပြီနာတယ်၊တို့အဲ့လောက်အနှိပ်မခံနိုင်ဘူး"
ထိုအခါ မရဲ့ကိုယ်လေးကို နောက်ကနေသိုင်းဖက်လိုက်ပြီး မရဲ့ပုခုံးလေးထက်မှာ သဲရဲ့မေးဖျားလေးကိုတင်လိုက်သည်။
"မ...သဲကအခုမရဲ့ချစ်သူဖြစ်သွားပြီနော်"
"အင်းပေါ့ မရဲ့သဲလေး"
"ဒါနဲ့သဲ...တို့ကိုတစ်ကယ်ချစ်တာရောဟုတ်ရဲ့လား"
အဲ့ဒါကိုနန်းတစ်ကယ်စိတ်ပူမိသည်။သဲသူမအပေါ်စိတ်ကစားတာမျိုးဖြစ်မှာကိုလဲကြောက်သည်။
"သဲ...မကိုတစ်ကယ်ချစ်တာပါ...မ..သဲကိုမယုံဘူးလား"
"ဟင့်အင်း တို့ကကြောက်လို့ သဲကတို့အပေါ်စိတ်ကစားတာမျိုးဖြစ်မှာကိုကြောက်လို့"
YOU ARE READING
Romanceသဲ "မ"ကိုလှမ်းကြည့်လိုက်သည့်အခါမှာ " မ"ကသဲကိုပြုံးပြလာသည်။ထိုခဏမှာ သဲရင်ထဲတစ်စုံတစ်ရာလှုပ်ခတ်သွားကာ သဲရဲ့ကမ္ဘာကြီးရပ်တန့်သွားသလားလို့တောင် ထင်မှတ်မိသည်။မရဲ့အပြုံးတွေကလှသည်။ဒီအပြုံးတွေကို တစ်သက်လုံးအပိုင်သိမ်းထားချင်မိသည်။ သဲ "မ"ကိုလွမ္းၾကည့္လိုက္သည့...