နန်းကျောင်းပိတ်ထားသည့်ကာလဖြစ်သည်မို့ လူကအားနေသည်။ဖေဖေ့စိုက်ခင်းက ရင့်သည့်လက်ဖက်တွေကိုခူးပြီး ရေဆေးကာနေလှန်းပြီးတဲ့နောက်မှာ အားနေသည်မို့ သဲရဲ့ဆိုင်လေးရှိရာကို ထွက်လာခဲ့လိုက်သည်။
ဟိုကိုရောက်တော့ သဲကမအားရှာပေ။သူ့ရဲ့သင်တန်းသူလေးတွေကို patternဆွဲနည်းသင်ပေးနေတာဖြစ်သည်။သဲရဲ့ဆိုင်လေးကအရမ်းလဲမကျယ်သလို အရမ်းလဲမကျဉ်းပဲ သပ်သပ်ရပ်ရပ်ရှိလှသည်။
အရုပ်မမှာဝတ်ထားသည့် ချုပ်ထည်တွေက သဲရဲ့လက်ရာ လေးတွေဖြစ်မည်။ခေတ်ဆန်ဆန်ဒီဇိုင်းဆန်းဆန်းလေးနဲ့ လက်ရာကအတော်လှပါသည်။
"ဟင်...မမနန်းဘယ်ကလှည့်လာတာလဲ "
"အင်္ကျီအပ်ရအောင်လို့ထွက်လာတာ ညီမ"
"ဟုတ် မ ဘယ်လိုဒီဇိုင်းမျိုးကြိုက်လဲ ကြည့်ကြည့်နော် မ"
"အင်း တို့နဲ့လိုက်ဖက်မယ့်ပုံစံမျိုးလေး"
သဲ မနဲ့လိုက်ဖက်မယ့်ဒီဇိုင်းလေးကိုစဉ်းစားလိုက်ပြီး စာအုပ်ထဲအကြမ်းဆွဲပြလိုက်သည်။
"မ ဒီလိုပုံစံလေးဆိုရင်ရော"
"အင်း မဆိုးဘူး လှတယ်"
ထို့နောက် ကိုယ်တိုင်းယူဖြစ်ကြသည်။သဲ မမရဲ့ကိုယ်တိုင်းယူနေစဉ်မှာ ရင်ခုန်သံတွေ ထိန်းမရအောင် ဆူညံနေသည်။ဒါကဘာဖြစ်တာလဲ။
ရင်အတိုင်းယူတော့ သဲလက်တွေတုန်နေသည်။ကျစ်...ဒါကဘာဖြစ်နေတာလဲ။သဲတစ်ခါမှဒီလိုမဖြစ်ဖူးပါဘူး။
"ညီမ အဆင်ပြေလား"
"ပြေ...ပြပါတယ်မ"
သဲစိတ်ကိုငြိမ်အောင်ထားပြီးမှ ရင်အတိုင်းပြန်ယူဖြစ်သည်။မနဲ့နီးကပ်သွားတိုင်းမှာ သဲရင်ခုန်သံတွေထိန်းမရအောင်ဆူညံနေတာ ဘာကြောင့်များလဲ။
"ပြီးပြီ မ"
ထိုစဉ်ကောင်မလေးတွေ ထမင်းချိုင့်ဖွင့်ပြီး ထမင်းစားကြသည်ကိုမြင်တော့ နန်းလက်မှနာရီကိုကြည့်လိုက်မိသည်။၁၂နာရီတောင်ထိုးတော့မည်ပဲ။
သဲကျတော့ အိမ်ကနေထမင်းချိုင့်ယူလာတာလဲ မမြင်ပါလား။
"ညီမရော မစားသေးဘူးလား"
YOU ARE READING
Romanceသဲ "မ"ကိုလှမ်းကြည့်လိုက်သည့်အခါမှာ " မ"ကသဲကိုပြုံးပြလာသည်။ထိုခဏမှာ သဲရင်ထဲတစ်စုံတစ်ရာလှုပ်ခတ်သွားကာ သဲရဲ့ကမ္ဘာကြီးရပ်တန့်သွားသလားလို့တောင် ထင်မှတ်မိသည်။မရဲ့အပြုံးတွေကလှသည်။ဒီအပြုံးတွေကို တစ်သက်လုံးအပိုင်သိမ်းထားချင်မိသည်။ သဲ "မ"ကိုလွမ္းၾကည့္လိုက္သည့...