သဲ အခန်းတံခါးကိုဖွင့်လိုက်တာနဲ့ မြင်လိုက်ရတဲ့မြင်ကွင်းက သဲရင်ကိုနင့်ခနဲဖြစ်သွားစေသည်။သဲရှေ့မှာအမြဲတမ်းလှလှပပရှိနေခဲ့တဲ့ "မ"ကအခုတော့...။မကအဝတ်စားဖရိုဖရဲနဲ့မလုံမခြုံဖြစ်နေပြီး မရဲ့လည်ပင်းမှလဲသွေးတွေစီးကျလျှက်ရှိနေသည်။မကအသက်နဲ့ရင်းပြီး အရှက်ကိုကာကွယ်ဖို့ကြိုးစားနေတာပဲ။
"မ...မလုပ်နဲ့"
မရဲ့လည်တိုင်ထက်ကို ပန်းအိုးအကွဲစနဲ့လှီးချဖို့လုပ်တော့ သဲအကြောက်အကန်တားလိုက်မိသည်။
"ဟင်"
"သဲ"
နန်းမျက်လုံးကိုဖွင့်လိုက်တော့ မျက်စိရှေ့မှာသဲကိုတွေ့ရလေသည်။သဲ...သူမရဲ့သဲလေးပါလား။နန်းအိပ်မက်မက်နေတာတော့မဟုတ်ပါဘူးနော်။နန်းမျက်ဝန်းမှမျက်ရည်တွေစီးကျလာသည်။
"မ"
သဲ မကိုအပြေးဖက်ထားလိုက်မိသည်။
"ဘာမှမဖြစ်ဘူးနော် မ၊ဘာမှမဖြစ်ပါဘူးမရယ်"
"သဲ..."
"မ...သဲနဲ့ဝေးရပြီထင်တာ"
ပြောရင်းနန်း ငိုမိပြန်သည်။ငိုနေရှာတဲ့မကို သဲရင်ခွင်ထဲအတော်ကြာအောင်ပွေ့ဖက်ထားမိပြီးမှ သဲကိုယ်ပေါ်မှအပေါ်ဖုံးကိုချွတ်လိုက်ကာ မကိုဝတ်ပေးပြီးပြန်ဖက်ထားလိုက်သည်။
"သဲ...."
"ဖယ်.."
"ဖယ်...တို့ကိုမထိနဲ့"
ရုတ်တရတ်ကြီး မကသဲကိုတွန်းထိုးရုန်းကန်လာသည်။မ စောစောကအရှိန်နဲ့ ထိတ်လန့်နေသေးတာကြောင့်များလား။
"မ သဲလေ၊မဘာမှမဖြစ်တော့ဘူးနော် မစိတ်အေးအေးထား"
သဲမအတွက်စိတ်ပူနေတုန်းမှာ ဟိုမိန်းမကသဲကိုဖုန်းဆက်ခေါ်လာတာမို့ သဲအိမ်ကနေအမြန်ထွက်လာခဲ့တာဖြစ်သည်။
"မ"ကဘာမှမပြောပဲငိုပဲငိုနေရှာသည်။
"ဒီ...ဒီနှုတ်ခမ်းတွေသူနမ်းသွားတယ်၊ဒီကိုယ်ကိုရောသူ့လက်တွေနဲ့ထိတွေ့သွားတယ်"
"ဘာမှမဖြစ်ပါဘူး ၊ မ ဘာမှမဖြစ်ဘူးနော် "မ"စိတ်ထဲထားမနေနဲ့"
YOU ARE READING
Romanceသဲ "မ"ကိုလှမ်းကြည့်လိုက်သည့်အခါမှာ " မ"ကသဲကိုပြုံးပြလာသည်။ထိုခဏမှာ သဲရင်ထဲတစ်စုံတစ်ရာလှုပ်ခတ်သွားကာ သဲရဲ့ကမ္ဘာကြီးရပ်တန့်သွားသလားလို့တောင် ထင်မှတ်မိသည်။မရဲ့အပြုံးတွေကလှသည်။ဒီအပြုံးတွေကို တစ်သက်လုံးအပိုင်သိမ်းထားချင်မိသည်။ သဲ "မ"ကိုလွမ္းၾကည့္လိုက္သည့...