ဒီနေ့သဲသူငယ်ချင်း မေဇင်ရဲ့မင်္ဂလာနေ့ရက်မို့ မနေ့ကတည်းက သူငယ်ချင်းတွေစုပြီး မေဇင်တို့အိမ်မှာ ဝိုင်းကူလုပ်ပေးရင်း မေဇင်တို့အိမ်မှာပဲစုပြီးအိပ်ဖြစ်ကြတာဖြစ်သည်။
မနက်ကျတော့ ပြင်ဆင်ပြီးခန်းမမှာ သွားကူပေးဖြစ်ကြပြန်သည်။မေဇင်တို့ရဲ့မင်္ဂလာဆောင်အခမ်းအနားကိုကြည့်ရင်း မကိုမြင်ယောင်လာကာ စိတ်ကူးယဉ်မိသည်။
"ဟဲ့ သဲဆုရတီ၊ဘာတွေစိတ်ကူးယဉ်နေတာလဲ ဟိုမင်းရဲ့မမလာတယ် သွားကြိုလိုက်ဦး"
အနှင်းက ခန်းမဝင်ပေါက်ဘက်ကိုလက်ညိုးထိုးပြပေးတော့ သဲလှမ်းကြည့်လိုက် သည်တွင်ငွေရောင်ရွှေလွန်းလိပ်ပြာချိတ်ဝမ်းဆက်လေးနဲ့ ကျက်သရေရှိရှိလှနေတဲ့ သဲရဲ့မကိုမြင်လိုက်ရပြီး သဲရဲ့နှလုံးခုန်သံတွေမြန်ဆန်လာသည်။
သဲ မကိုသွားပြီးကြိုခဲ့လိုက်သည်။
"မ အရမ်းလှတာပဲ"
"သဲကမြှောက်ပြန်ပြီ"
"လာ...မ၊ဒီမှာထိုင်ရအောင်"
သဲတို့ထိုင်လိုက်တော့ သဲသူငယ်ချင်းတွေလဲ သဲတို့ဝိုင်းမှာလာထိုင်ကြလေသည်။
"တစ်မနက်လုံးအလုပ်ရှုပ်နေတာ ဗိုက်တောင်ဆာလာပြန်ပြီ"
"အင်း သဲရဲ့မမနန်းနဲ့အတူထပ်စားကြတာပေါ့"
ထိုသို့ဖြင့် မနဲ့အတူသဲတို့တွေ ထပ်ပြီးစားဖြစ်ကြပြန်သည်။
"မ...သဲတောင်မင်္ဂလာဆောင်ချင်စိတ်ပေါက်နေပြီသိလား"
"အင်း တစ်နေ့ပေါ့"
"တစ်ကယ်နော် မ"
"အင်း"
"ဒါကြောင့်မကိုအရမ်းချစ်နေရတာ"
မရဲ့ခါးလေးကိုဖက်ကာ ဆိုတော့သူငယ်ချင်းတွေဆီမှမြည်သံပေါင်းစုံထွက်လာသည်။
"rsတွေများပိုကိုပိုလွန်းပါတယ်"
"အောင်မာ နင်တို့တုန်းကဒီထက်မကကဲခဲ့ကြပြီးတော့"
သဲပြန်နှက်လိုက်သည်။ထိုအချိန်မှာသတို့သမီးမေဇင်နဲ့သတို့သားတို့ရောက်လာလေသည်။
YOU ARE READING
Romanceသဲ "မ"ကိုလှမ်းကြည့်လိုက်သည့်အခါမှာ " မ"ကသဲကိုပြုံးပြလာသည်။ထိုခဏမှာ သဲရင်ထဲတစ်စုံတစ်ရာလှုပ်ခတ်သွားကာ သဲရဲ့ကမ္ဘာကြီးရပ်တန့်သွားသလားလို့တောင် ထင်မှတ်မိသည်။မရဲ့အပြုံးတွေကလှသည်။ဒီအပြုံးတွေကို တစ်သက်လုံးအပိုင်သိမ်းထားချင်မိသည်။ သဲ "မ"ကိုလွမ္းၾကည့္လိုက္သည့...