"ခဗျား ဘာဖြစ်လာပြန်ပြီလဲ ! "
" ဟီး.."ကြည့်တွေ့လား..သူမေးတာကိုမဖြေဘဲ တဟီးဟီးနဲ့အရင်လာရယ်ပြနေပြန်ပြီ။သူ့ဘယ်ဘက်ပါးက ပါးချိုင့်လေးကိုခွက်ဝင်အောင်သူ့ကိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးပြနေလို့...ခက်တာပဲ ပါးချိုင့်လေးတွေဆိုချစ်တတ်တဲ့သူကကျွန်တော့်စိတ်ကိုသိနေသလိုမျိုးပဲ ခက်ပြီ။
" ကဲပါ လာလာ ပြပြ ! "
လူနာကုတင်ပေါ်တက်ထိုင်လို့လာပြီး
သူ့ကိုအခုထိပြုံးရယ်ပြနေသေးတယ်။ပြီးတော့လည်း ခပ်ဟဟစကားဆိုလာသေးတယ်..." ဒေါက်တာ! ကိုယ် ချွတ်လိုက်တော့မယ်နော် ! "
" ဗျာ! ခဗျားဘာတွေပြော..."
" အင်္ကျီ၊အင်္ကျီကိုပြောတာလေကိုယ်က ဟီး..ဒေါက်တာက ဘာတွေတွေးနေတာလဲ ဟင် ! "
" ဒေါက် ! "
" အာ့ ဒေါက်တာ! "
" ခဗျားဝတ်ထားတဲ့ ယူနီဖောင်းကိုနည်းနည်းလောက်အားနာပြီး ခပ်တည်တည်လေးနေပေးလို့ရမလား! "
" ဟင့်အင်း မရဘူး ! "
" ဘာလို့လဲ ! "
" ဒေါက်တာကိုမြင်ရင် ကိုယ့်ရင်ထဲအသည်းထဲရော ပျော်နေတာထိန်းမရဘူးဗျာ! "
" အသည်းထဲကျ ဘယ်လိုများပျော်လဲ ခဗျား! "
" ဒေါက်တာ မယုံလို့လား..
မယုံရင်ကိုယ့်အသည်းထဲဝင်ကြည့်လေ..ဝင်ပြီးရင်တော့ ပြန်မထွက်ရဘူးနော် ဒေါက်တာ! "" ခဗျား ဘယ်လိုဖြစ်နေတာလဲ ! "
သူ့ကိုမျက်ခုံးတွေတွန့်ချိုးပြလို့နေနေပြီးဆူလာတဲ့နှုတ်ခမ်းပါးလေးတွေ..ချစ်သူဖြစ်မှစိတ်ဆိုးအာင်စပြီးဆွဲငုံပစ်လိုက်မယ်ဆိုတဲ့အတွေးက ဖျက်ကနဲတိုးဝင်လာသည့်အခါ သူကတိတ်တဆိတ်ပြုံးမိတာပါပဲ။သိပ်မကြာဘူး သူ့ဗိုက်ကို စိတ်ဆိုးစွာဖျက်ကနဲလာဆွဲတဲ့ ဒေါက်တာလက်တွေ..
YOU ARE READING
Army head & Doctor { Completed }
RomanceI will love you until the last breath leaves your body or mine... မင်းဖြစ်စေငါဖြစ်စေ နောက်ဆုံးထွက်သက်ကိုရောက်လာသည်အထိ ငါမင်းကိုချစ်သွားပါ့မယ်... #cover by mayalinkar❣️