လေယာဥ်ပေါ် ရှိခရီးသည်ထိုင်ခုံပေါ်မှာထိုင်နေပြီးခါမှ သူကဘေးကလူကိုစိတ်ဆိုးဖို့သတိရမိတယ်။သူ့ကိုမတိုင်ပင်ဘဲ လုပ်ချင်တာတွေလုပ်နေတာမလားလေ ဒီလူက..
" ပတ်ချန်းယောလ် ရှီး! "
" ဒေါက်တာ ဟိုကိုကြည့် တိမ်တွေလှတယ်နော် "
တွေ့လား ဒီလူက။
ကပ်ရပ်ထိုင်ခုံနှစ်လုံးမှာ သူ့ကိုပြတင်းပေါက်နားကထိုင်ခုံကို ထိုင်စေပြီး ထိုလူကသူ့ဘေးမှာဝင်ထိုင်တယ်၊ထိုလူ့ထိုင်ခုံနံဘေးမှ လူသွားလမ်းကျဥ်းလေးရှိသည်။ထိုလူညွှန်ပြရာကြည့်မိတော့တကယ်ပဲ တိမ်ဖြူဖြူလေးတွေသူငေးကြည့်နေမိစဥ် ထိုလူကလက်ချောင်းလေးကိုလှုပ်ခတ်ပျံပြနေပြီး သူ့ကိုစနောက်နေသေးသည်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
" ဒေါက်တာ လေယာဥ်ကြီးစထွက်လာပြီ ဝူး....."သူ့ဘေးနားကလူကို မျက်စောင်းတွေချည်း တဒိုင်းဒိုင်းစောင်းထိုးပစ်လိုက်တော့သည်။ကြည့်လို့ကိုမရတော့ဘူး ခဗျားကိုတော့...
" ဟီး....."
" ဘာလဲ ဘာလဲ ! "
" ဟီး ဒေါက်တာတစ်ညလုံး ဂျူတီ run နေရတာပင်ပန်းနေပြီမလား၊ကိုယ်ရောက်ရင်နိုးလိုက်မယ်လေနော်၊လာ..ကိုယ့်ပေါ်မှာ မှီအိပ်တော့ ! "
" ...... "
" ဒေါက်တာ ကိုယ့်ကိုမမှီရင်
ကိုယ်က ဒေါက်တာကိုမှီမှာနော် "" ကိုကို ခဗျားနော်..."
" ဟိုကျမှ ဆက်စိတ်ဆိုးနော်၊အခုတော့ ပင်ပန်းနေပြီမလား၊လာ..မှီအိပ်တော့လေနော် လိမ္မာတယ် "
" မလိမ္မာဘူး ကျွန်တော်ကဆိုးတယ် ! "
" အင်း ဒေါက်တာက ကိုယ့်ရဲ့ကလေးဆိုးလေးလေ "

YOU ARE READING
Army head & Doctor { Completed }
RomanceI will love you until the last breath leaves your body or mine... မင်းဖြစ်စေငါဖြစ်စေ နောက်ဆုံးထွက်သက်ကိုရောက်လာသည်အထိ ငါမင်းကိုချစ်သွားပါ့မယ်... #cover by mayalinkar❣️