မနက်၉နာရီမှာ ဂျူတီ off သွားတဲ့သူက ဆရာဝန်များနားနေခန်းကနေ အိပ်ချင်မူးတူးနဲ့ထွက်လာခဲ့တော့သည်။အိမ်ပြန်ရောက်ရင် တစ်ရေးအိပ်မယ်၊နိုးလာရင်အစားစားပြီးရေချိုးမယ် ပြီးမှ ဟိုလူနဲ့ရုပ်ရှင်သွားကြည့်ရမယ်..ဟုတွေးနေခဲ့ပြီးဆေးရုံကော်ရစ်တာသို့တစ်လှမ်းချင်းလှမ်းထွက်လာခဲ့တော့သည်။
ဆေးရုံဝင်ပေါက်ရှေ့မှာ အိပ်ချင်မူးတူးပုံစံနဲ့ တဝါးဝါးသမ်းဝေနေရင်း ခါးဆန့်နေတဲ့သူက..ခဏတာအညောင်းဖြေနေရင်းဟိုကြည့်ဒီကြည့်ဆေးရုံဝန်းထဲမျက်လုံးဝေ့ဝဲ၍လှည့်ကြည့်မိတဲ့အခါ..
ဆေးရုံကားထားရာနေရာကနေ
ကားခဲရောင်မာစီးဒီးကိုနောက်ကျောပေးမှီရပ်နေရင်း၊လက်နှစ်ဖက်ပိုက်ထွေးထားကာ သူ့ကိုပြုံးပြီးကြည့်နေတဲ့ ဟိုလူ.." ခဗျား ! "
သူ့နဲ့အကြည့်ဆုံသွားတဲ့နောက်
သူ့ကိုထိုနေရာကနေ လက်လှမ်းပြနေသည့်ထိုလူ၊ မျက်နှာကပြုံးစစနဲ့ တကယ်ပဲ လူကို..ထိုနေရာသို့ ဘောက်ဆတ်ဆတ်လျှောက်သွားရင်း သူကစကားဆိုသည်။" ဘာလာလုပ်တာလဲ ခဗျား! "
" ဒေါက်တာကို ကိုယ်လာကြိုတာလေ!"
" ရုပ်ရှင်ကြည့်ဖို့ကညနေမှလေ အခုမှအစောကြီးရှိသေးတယ်"
" အားရက်လေးမှာတစ်နေကုန်ဒေါက်တာအနားကိုယ်နေချင်လို့ပါ! "
" ခဗျား! "
" မနှောက်ယှက်ပါဘူး ငြိမ်ငြိမ်လေးပဲ နေမှာစိတ်ချပါဗျ ဟီး "
" ပြောမရလည်း သဘောသဘော"
" အဆို တက်လေဒေါက်တာ!
ကိုယ်အိမ်ပြန်ပို့ပေးမယ်!"" အိုကေ ! "
သူ့ကိုကားတံခါးဖွင့်ပေးပြီးနောက်
မောင်းသူနေရာမှာ ခပ်မတ်မတ်ဝင်ထိုင်နေသည့် ထိုလူ။ထို့နောက် သူကားပေါ်တက်ပြီးသည့်နောက် lover seatထိုင်နေရာသူ့အနားသို့ခါးကိုင်းလာသည့်အခါ..
YOU ARE READING
Army head & Doctor { Completed }
Roman d'amourI will love you until the last breath leaves your body or mine... မင်းဖြစ်စေငါဖြစ်စေ နောက်ဆုံးထွက်သက်ကိုရောက်လာသည်အထိ ငါမင်းကိုချစ်သွားပါ့မယ်... #cover by mayalinkar❣️