ရုပ်ရှင်ရုံထဲ မီးရောင်ကဖြိုးဖြဖြနဲ့..
တော်သေးတာပေါ့ အတွဲခုံမဟုတ်လို့..ထိုလူကပြောရတာမဟုတ်ဘူး သူ့မှာတွေးပြီးကြောက်နေမိတာ တကယ်ကြီး။အတွဲခုံမဟုတ်ပေမယ့် ဘေးဆုံးအတန်း၊အစွန်းထောင့်လေးမှာဆိုတော့ နည်းနည်းတော့ အဟမ်း...ရင်လေးတော့ခုန်မိတာပေါ့နော်။ထိုသူဝယ်လာတဲ့ ရုပ်ရှင်လက်မှတ်က
Titanic တဲ့လေ။အလွတ်ရနေပြီဖြစ်တဲ့ ဇာတ်ကားဆိုပေမယ့် ထိုလူကကြည့်ချင်တယ်ဆိုပြန်တော့လည်း သူကပြန်ပြီးကြည့်ပေးမိတာပါပဲလေ။ဇာတ်လမ်းကအစမို့ သင်္ဘောကြီးကကျောက်ဆူးကြိုးတွေဆွဲတင်လို့စထွက်နေတုန်းရှိနေပါသေးတယ်..။ထိုလူက သူ့အနားကိုခန္ဓာကိုယ်သိသိသာသာလေး ယိမ်းယိုင်တိုးကပ်လို့လာပြီးစကားဆိုသည်။" ဒေါက်တာ ပေါက်ပေါက်ဆုပ်စားတော့မလား..ဒါမှမဟုတ်..."
ရပ်တန့်သွားတဲ့စကားကြောင့် ထိုသူရှိရာဘက်ကိုခေါင်းလှည့်ကြည့်မိတဲ့အခါ ထိုသူကခဏအကြာထိ သူနဲ့အကြည့်ချင်းဆုံတွေ့နေမိပြီးမှ စကားဆက်ဆိုလာသည်။
" ကိုယ့်ကိို စားမလား! "
" ခဗျား! "
" ဟီး စတာစတာ"
အလယ်မှာချထားတဲ့ လက်တင်နေရာတန်းလေးပေါ်မှခွက်လေးထဲ ထည့်ထားတဲ့ပေါက်ပေါက်ဆုပ်မုန့်ထုပ်ကို ထိုလူအမှတ်နဲ့ သွားနဲ့ကျိတ်ချေပြီး စားပစ်လိုက်တော့သည်။အရှက်မရှိဘူးခဗျားကလေ တကယ်ပဲ..
" ဒေါက်တာ ကိုလာသောက်မလား! ဒါမှမဟုတ်..."
" ခဗျားနော် ! "
" ရေသောက်မလားမေးမလို့ပါဗျ ! "
" အဟွတ်! "
" ဒေါက်တာက ရုပ်ရှင်ရုံထဲဖွင့်ထားတဲ့မီးရောင်အတိုင်းပဲနော် ဟင်းဟင်း"
" ခဗျားနော်! ခဗျား! "
နှစ်ယောက်သား တကျိတ်ကျိတ်နဲ့
စားလိုက်နောက်လိုက်၊သောက်လိုက် စလိုက်နဲ့ပဲ ရုပ်ရှင်ဇာတ်ကားထဲမှနေ Jack ကနေ Rose ကိုပန်းချီစဆွဲပေးနေပြီဖြစ်သည်။" ဒေါက်တာ! "
" ဗျာ ! "
" ကိုယ်လည်း ဆွဲပေးချင်တယ်! "

YOU ARE READING
Army head & Doctor { Completed }
RomanceI will love you until the last breath leaves your body or mine... မင်းဖြစ်စေငါဖြစ်စေ နောက်ဆုံးထွက်သက်ကိုရောက်လာသည်အထိ ငါမင်းကိုချစ်သွားပါ့မယ်... #cover by mayalinkar❣️