" တောက်စ် !!!
အဲ့တာ ဘာဖြစ်နေကျတာလဲ!!! "အသံသြဇာအပြည့်နဲ့ သူတို့ဘေးနားကနေ ကပ်အော်ချလိုက်တဲ့အသံတစ်ခုရယ်၊လေလိုအဟုန်နဲ့သူ့လက်ထဲကနေ ဂယောင်ဆူးကိုဆွဲယူသွားလိုက်ပုံက လျင်မြန်ဖြတ်လတ်လွန်းလှသည်။
" ဒီမှာ ခဗျားက ဘယ်သူလဲ! "
" မင်းကရော ဘယ်သူလဲ ! "
" ကျွန်တော်က ဂယောင်ဆူးရဲ့သူငယ်ချင်း "
" အော်...ကျွန်တော်က ဒိုဂယောင်ဆူးရဲ့ချစ်သူ! "
"အင်း...ဘာ !!! "
" ဖြေးဖြေးအော်ပါ၊ဒီမှာနှိုးသွားတော့မယ် ! "
" နေပါအုန်း ခဗျားကဘယ်လိုဖြစ်ပြီး ဂယောင်ဆူးရဲ့ချစ်သူဖြစ်ရမှာလဲ၊မဖြစ်နိုင်လိုက်တာ သူကျွန်တော့်ကိုပြောပြဖူးတယ်၊သူ ချစ်သူရွေးချယ်ရင်ယဥ်ကျေးသိမ်မွေ့ပြီးလှပတဲ့ကောင်မလေးကိုချစ်သူအဖြစ်ရွေးမယ်ဆိုပြီးလေ၊ခဗျားက အလိုမှမဟုတ်တာ ! "
" ဘာရယ်!!! "
" ဘာဖြစ်တာလဲ လန့်တာကြီး "
" ခဗျားနဲ့အခုကျွန်တော်စကားနိုင်မလုနိုင်သေးဘူး၊ဒီမှာကြည့် ဒီမှာ..တွေ့တယ်နော်၊ကျွန်တော့်ချစ်သူကိုအခန်းထဲအရင်လိုက်ပို့လိုက်အုန်းမယ်၊အခန်း password လည်းသိတာမို့ ခဗျားစိတ်ပူမနေနဲ့ဟုတ်ပြီလား! "
ပြောချင်ရာပြောပြီး သူ့သူငယ်ချင်းကိုဆွဲခေါ်သွားတဲ့ ထိုလူ့ပုံစံကကြောက်ဖို့ကောင်းလွန်းနေသည်။သို့ပေမယ့် သူမြင်လိုက်ရတဲ့ပုံကလည်း ချစ်သူသဘောသဘာဝရိုက်ထားတဲ့အစစ်အမှန်ပုံကြီးမို့ နောက်ရက်များကျဆေးရုံမှာဂယောင်ဆူးနဲ့တွေ့မှပဲသေချာအောင်မေးမည်ဟု သူကတွေးထားလိုက်ပါတော့သည်။အခုတော့ သူလည်းလာရာလမ်းအတိုင်း ပြန်သွားရုံပေါ့လေ..။
ဓာတ်လှေကားစီးနေရင်း ဓာတ်လှေကားအတွင်းထဲမှာရှိနှင့်နေသော လူအချို့ကို တဟီးဟီး ပြုံးရယ်ပြနေတဲ့ဂယောင်ဆူးကိုကြည့်လို့ ပတ်ချန်းယောလ်မျက်နှာကမဲပုတ်သိုးနေပြီး သွေးလည်းတိုးနေလေသည်။ရင်ခွင်ထဲရောက်နေတဲ့တစ်ယောက်က လူတကာကိုပြုံးရယ်ပြနေသလောက် ထိုလူ့ကိုရင်ခွင်ထဲထွေးပွေ့ကာထားတဲ့လူကြီးကမှုန်ကုတ်နေပြီး မျက်နှာထားကတည်တင်းနေလို့ သူတို့မှာပြန်၍ပြုံးရယ်မပြရဲကျပေ။

YOU ARE READING
Army head & Doctor { Completed }
RomanceI will love you until the last breath leaves your body or mine... မင်းဖြစ်စေငါဖြစ်စေ နောက်ဆုံးထွက်သက်ကိုရောက်လာသည်အထိ ငါမင်းကိုချစ်သွားပါ့မယ်... #cover by mayalinkar❣️