သူ့ရဲ့မနက်ခင်းနိုးထလာမှုက..
ခေါင်းကိုက်မှုတွေနဲ့စတင်တယ်။
ခေါင်းနဲ့နားထင်ကို လက်ချောင်းတွေနဲ့နှိပ်နယ်ထားရင်းမျက်စိစုံမှိတ်ထားနေဆဲ..အချိန်တစ်ခုအကြာမှာတော့ အိပ်ချင်မူးတူးနဲ့မျက်လုံးတွေကိုဖွင့်ဟလို့ အခန်းထဲဝေ့ဝဲကြည့်မိသည်။သူ ဘယ်ကိုရောက်နေတာလဲ...
ရှင်းလင်းသပ်ရပ်နေတဲ့အခန်းလေးကနွေးနွေးထွေးထွေး..ကုတင်ပေါ်ကနေခြေတန်းလန်းကြမ်းပြင်အခင်းနဲ့ထိထားရင်း ကုတင်ဘေးကစင်လေးပေါ်မှဓာတ်ပုံဘောင်လေးကိုမယူပြီးအနီးကပ်ကြည့်မိသည်။ဒေါက်တာ ကသိပ်ချစ်ဖို့ကောင်းတာပဲ..
သူ့နှုတ်ကတိုးဖွဖွရေရွတ်မိလိုက်ပြီးဓာတ်ပုံလေးကိုလည်း လက်ချောင်းလေးနဲ့ဖွဖွလေးပွတ်သပ်နေမိရင်းပြုံးနေမိခဲ့သည်။သိပ်မကြာဘူး သူ့နှုတ်ခမ်းကအောက်ကိုမဲ့ကျလာပြန်သည်။သူ့ဒေါက်တာပုခုံးကိုဖက်ထားတဲ့သူကို သူမကျေနပ်တော့ဘူး။ဘာလို့သူ့ဒေါက်တာကလည်း ဒီဓာတ်ပုံထဲမှာ အလောက်ထိပြုံးပျော်နေစရာလိုလို့လား တကယ်ပဲ ကျစ်။
ဓာတ်ပုံမှန်ဘောင်လေးကို စင်ပေါ်မှာစောင့်ချလိုက်ရင်း ရေချိုးခန်းထဲသို့ဘောက်ဆတ်ဘောက်ဆတ်နဲ့ ဆူချိတ်ချိတ်နဲ့ဝင်သွားတဲ့ ထိုလူသား။ခက်တော့တာပဲ...သူငယ်ချင်းတွေနဲ့အတူ ဟောက်စ်အတူဆင်းတုန်းက အမှတ်တရရိုက်ထားတဲ့ပုံလေးအဖြစ်က စင်ပေါ်မှာမှောက်လျက်လေးလဲကျလို့နေနေသည်။ရေချိုးခန်းထဲရောက်တော့ သူ့အပြုံးတွေကပြန်အသက်ဝင်လာပြန်တယ်..ဘာလို့ဆိုသွားတိုက်တံအသစ်အပြာရောင်လေးကို သွားတိုက်ဆေးကအဆင်သင့်ထည့်ပေးထားသည့်အခါ...
ဒေါက်တာ ကချစ်ဖို့ကောင်းတယ် အရမ်းအရမ်း...။
သွားတိုက်နေရင်းသူ့မျက်နှာအပြုံးတွေကပိုပြီးပိုပြီးရပ်တန့်လို့မရတော့ပေ။သူမူးနေတုန်းက ဒေါက်တာကသူ့ကိုလာခေါ်တယ်၊သူ့ကိုတွဲကူထားပေးပြီးအခန်းထဲမှာအတူအိပ်ခိုင်းတယ်၊အခုလည်း သူ့အတွက်မနက်စာတစ်ခုခုစီစဥ်ပေးနေတယ်ထင်ပါတယ်၊သူ့နှာခေါင်းမှတစ်ဆင့်မွှေးပျံ့နေတဲ့အနံ့တွေက ဆီးကြိုလို့နေနေနေပါသည်။

YOU ARE READING
Army head & Doctor { Completed }
RomantizmI will love you until the last breath leaves your body or mine... မင်းဖြစ်စေငါဖြစ်စေ နောက်ဆုံးထွက်သက်ကိုရောက်လာသည်အထိ ငါမင်းကိုချစ်သွားပါ့မယ်... #cover by mayalinkar❣️