" ဒိုဂယောင်ဆူး !!!!! "
လက်ထဲကဇွန်းလေးက
ကြမ်းပြင်ပေါ်သို့ ပစ်စလက်ခတ်..." ဘာဖြစ်တာလဲ!! "
" ဘယ်သူ့ကိုခဗျားက ဒီလိုတွေလာအော်နေတာလဲ !! "
" ဘယ်သူကမှန်နေလို့ ဘယ်သူ့ကိုလာအော်နေတာလဲ ဟမ်!! ဖြေလေ !! "
" အဆက်အသွယ်မလုပ်ဘဲပစ်ထားတာ ဘယ်သူလဲ !! "
" ၂၄ နာရီလုံးအိပ်ချိန်စားချိန်မရှိအောင်ထိ အလုပ်တွေရှုပ်ပြနေတာဘယ်သူလဲ!ဖုန်းမဆက်နိုင်ဘူး အိုကေ စာတိုလေးတောင် ခဗျားကကျွန်တော့်စီမပို့နိုင်ဘူးမလား ဟမ် ခဗျား!! "
" မဟုတ် ကိုယ်..."
" ထွက်သွား !! ခဗျား !! "
" မဟုတ်ဘူး ကိုယ်ရှင်းပြ..."
" ခဗျားအသံကိုလည်းမကြားချင်ဘူး၊
ခဗျားရဲ့ တစ်ခါလာလည်းတာဝန်နဲ့ဝတ္တရား၊တစ်ခါလာလည်း တာဝန်နဲ့ဝတ္တရားတွေကိုလည်း နားနဲ့မဆန့်အောင်ကြားပြီးပြီမို့ ထပ်မကြားချင်တော့ဘူး !! "" ဒေါက်တာကိုယ်ကလေ..."
" ချစ်သူကိုတောင် မစ်ရှင်းရှိနေတဲ့နေရာကိုတောင် မပြောပြနိုင်ဘူးမလား၊အဲ့လောက်တောင် ကျွန်တော့်ကိုခဗျားက ယုံကြည်မှုမရှိဘူးမလားဟမ် !! "
" မဟုတ်ပါဘူးကွာ၊ကိုယ်က..."
" ထွက်သွား ဒီအခန်းထဲကနေရော၊
ကျွန်တော့် နှ..လုံး..သား..ထဲကပါ "" ဒိုဂယောင်ဆူး!! "
"....."
" ကိုယ် ကိုယ်တောင်းပန်ပါတယ်၊
ကိုယ်ကလေ.."" ဒီမှာနောက်ကို ကျွန်တော့်ရှေ့ခဗျားဘယ်တော့မှ ပေါ်မလာမိစေနဲ့၊သွားချင်တိုင်းသွား..ပြန်လာချင်တိုင်းပြန်လာနဲ့ ကျွန်တော့်စီကိုလေ ! "
" ဘာလဲ ကျွန်တော်က..ခဗျားပြန်လာချိန်လေး ခဏတာနားခိုရာလမ်းဘေးကဇရပ်လားဟင် ခဗျားပြောစမ်း ! "
" ခဗျားနဲ့ ပတ်သတ်ပြီးစစ်သားတောင် ကျွန်တော်ကမုန်းနေမိပြီ သိလား၊စစ်ဝတ်စုံမပြောနဲ့ စစ်လို့ အသံကြားတာနဲ့ ရေတောင် စစ်မသောက်ချင်တော့ဘူး ရွှံ့လို့ ! "
YOU ARE READING
Army head & Doctor { Completed }
RomanceI will love you until the last breath leaves your body or mine... မင်းဖြစ်စေငါဖြစ်စေ နောက်ဆုံးထွက်သက်ကိုရောက်လာသည်အထိ ငါမင်းကိုချစ်သွားပါ့မယ်... #cover by mayalinkar❣️