~ 13 ~

330 62 60
                                    

" ဘယ်ကနေဘယ်လိုရောက်တာလဲ
ခဗျား! "

" ကိုယ် ဒေါက်တာကိုသတိရလို့လေ "

မျက်စောင်းနုနုတွေနဲ့သူ့ရင်ကိုပိတ်ထိုးနေတဲ့ ဒေါက်တာမျက်လုံးတွေကသူ့အတွက်ဖြေဆေးမရှိတဲ့ ရောဂါဆိုတာ ဒေါက်တာသိပါရဲ့လားဗျာ...။

" ဘာလာလုပ်တာလဲဆို!
ကျွန်တော် ဂျူတီမပြီးသေးဘူးလေ ခဗျားရယ် ! "

သူ့ကိုကြည့်ပြီး တွေငေးငေးလေးဖြစ်နေတဲ့ထိုလူကြီးကို မျက်ဝန်းချင်းအကြည့်စုံစေလို့ သူကစကားဆိုမိသည်။

" ကိုယ်မစ်ရှင်းတစ်ခုအရေးပေါ်သွားစရာရှိလို့ ဒေါက်တာ "

" ဟင် အခုလား"

ထိုအခါမှ သူကဝတ်စုံအပြည့်ဝတ်ဆင်ထားပြီး သူတို့ဆေးရုံအရှေ့မှာစောင့်နေတဲ့စစ်ကားကြီးကိုတစ်ချက်ကြည့်မိခဲ့သည်။ထိုလူကြီးကိုပါ အဆင်ပြေနေရဲ့လားဆိုပြီး သူကအခုမှထိုလူကြီးကိုပါ အကဲခတ်လို့ကြည့်နေမိသည်။

" ကိုယ် အဆင်ပြေပါတယ်ဒေါက်တာရဲ့၊စိတ်မပူနဲ့နော် "

" အင်း..."

နှစ်ဦးသားအကြား တဒင်္ဂတိတ်ဆိတ်သွားတဲ့အခြေအနေက အရမ်းထူးဆန်းလို့နေနေသည်။ဘာဖြစ်သွားမှန်းမသိတဲ့သူ့ရဲ့စိတ်အခြေအနေနဲ့ဘာဆက်ပြောမှန်းမသိတဲ့အနေအထားတစ်ခုကို ဂယောင်ဆူးက ရင်မဆိုင်နိုင်စွာ၊ဝမ်းနည်းစိတ်အချို့နဲ့ သူခံစားနေခဲ့ရသည်။

" ဒေါက်တာ ကိုယ့်စီလာပါအုန်း "

" အင်း.."

ရင်ခွင်ကျယ်ကြီးဖွင့်ပေးကာထားတဲ့
ထိုလူ့အနား သူကတိုးလှမ်းလို့သွားခဲ့ပြီး ထိုလူ့ရင်ခွင်ကျယ်ထဲဝင်တိုးမိခဲ့သည်။

" ကိုယ့်ကိုလွမ်းနေမယ်မလား ဒေါက်တာ"

" အင်း..."

" ကိုယ်အားတာနဲ့ ဒေါက်တာစီ ဖုန်းဆက်မယ်နော် "

" အင်း..."

" ကိုယ့်ကို သတိရနေပေးနော် "

" အင်း..."

"ကိုယ့် ကိုအများကြီး...
စိတ်ပူမနေနဲ့နော် "

" အင်း..."

ရင်ခွင်ကျယ်ထဲ ထိုလူ့ရင်ဘတ်နေရာမှာ
ဘေးတစ်စောင်းလေး ခေါင်းမှေးမှီတင်ထားနေရင်းထိုလူကြီးရဲ့ စီးချက်ညီညီနှလုံးခုန်သံလေးကိုတိတ်တဆိတ် နားထောင်နေမိသည်။ပြီးတော့ ထိုလူကြီးရဲ့ကိုယ်သင်းရနံ့ရယ်၊နွေးထွေးမှုအပြည့်အဝပေးနိုင်တဲ့ ထိုလူကြီးရဲ့သူ့အပေါ်ချစ်ခြင်းမေတ္တာနဲ့စိတ်လုံခြုံမှုအနွေးဓာတ်တွေကို တစ်ဝကြီးရူရှိုက်လို့နေမိခဲ့သည်။

Army head & Doctor { Completed }Where stories live. Discover now