ကိုယ်ကိုယ်တိုင်လည်း အရက်ဂျိုးပါပဲ..
ဒါပေမယ့် မူးရင်မူးသလောက်တိတ်တိတ်လေးရီဝေဝေဖြစ်နေပြီး တစ်ချိုးတည်းအိပ်နိုင်တဲ့လူစားမျိုး။ဒါပေမယ့် ဒီအရှေ့ကလူကတော့ဖြင့် မူးရင်မူးသလောက်ရစ်နိုင်တဲ့သူမျိုးဖြစ်နေပါတယ်..။စားပွဲဝိုင်းထိပ်မှာမူးပြီးမှောက်နေတဲ့သူအနားတိုးကပ်လို့သွားပြီး ထိုလူအနားဆိုဖာပေါ်မှာဝင်ထိုင်လိုက်သည်။ပြီးနောက် မူးပြီးမှောက်နေတဲ့ထိုလူ့လက်မောင်းကိုဆွဲကိုင်လှုပ်ရမ်းလိုက်ပြီး...
" ပတ်ချန်းယောလ် !! ပတ်ချန်းယောလ်ရှီး!! သတိလေးထားပါအုန်း! ပတ်ချန်းယောလ်!! "
စားပွဲဝိုင်းထိပ်က သူတို့ကပ်ပတိန်ကိုနှိုးနေတဲ့လူတစ်ယောက်ကိုကျန်လူ၇ယောက်က အံ့သြတကြီးငေးကြည့်လို့နေမိကျသည်။ဘယ်လိုတောင်စွမ်းနိုင်တဲ့လူလဲ ကြည့်ပါအုန်း..သူတို့ကပ်ပတိန်ကို By name တပ်ခေါ်ပြီးအော်နှိုးနေတာ၊ပြီးတော့ ကပ်ပတိန်လက်မောင်းကြီးကိုတစ်ချက်ပြီးတစ်ချက် အားနဲ့ဆွဲခါယမ်းနေပစ်တာများ၊အရမ်းမိုက်တယ်၊သူတို့အရမ်းအားကျနေပါပြီနော်..သူတို့ကပ်ပတိန်ကိုသူတို့ကအရမ်းချစ်ကြောက်ရိုသေရတဲ့လူမို့..အခုကျကပ်ပတိန်ကိုအော်လိုက်ဟစ်လိုက်နဲ့နှိုးနေတာများ..
ဝေါင်း...အမေဇင်းပဲ နှိုက်ရှော့။သူဘယ်လိုအော်နှိုးနေနေ ထိုလူကလုံးဝခေါင်းထောင်လာခြင်းအလျှဥ်းမရှိပေ။ဆူပုတ်ပုတ်နဲ့ မှောက်အိပ်ပြီးနေနေဆဲ ဖြစ်သည်။
" ပတ်ချန်းယောလ်!!
ခဗျားရေ သတိလေးထားပါအုန်း ! "" အင်း...."
စားပွဲပေါ်ကနေခေါင်းအနည်းငယ်ထောင်လာပြီးနောက် ပြူးတူးပြဲတဲနဲ့ဟိုလူကြည့်ဒီလူ့လိုက်ကြည့်နဲ့ နေနေသေးသည်။ကြည့်ရတာမူးပြီးရစ်ရမယ့်သူကိုလိုက်ရှာနေသလိုမျိုး ဖြစ်နေသည်။ကပ်ပတိန်ကခေါင်းအနည်းငယ်ထောင်လာပြီး အရှေ့မှသူတို့ကိုပြူးပြူးပြဲပြဲလိုက်ကြည့်နေတဲ့အခါ ကျန်လူ၇ယောက်ခဗျာ..အသက်ပါအောင့်နေမိလျက်သား။
သူတို့ ကြောက်တယ်လေနော် ကပ်ပတိန်ကို...။" ခဗျား အဆင်ပြေလား !
နှိုးလာပြီလား! အရမ်းမူးနေတာလား! "သူ့အသံကြားရာကိုခေါင်းလှည့်ကြည့်လာပြီးနောက် ထိုသူရဲ့နှုတ်ခမ်းတို့ကခပ်ပါးပါးပြုံးပြတယ်၊ဘယ်လိုပြောရမလဲ အမူးအပြုံးလေးပေါ့နော်။

YOU ARE READING
Army head & Doctor { Completed }
RomanceI will love you until the last breath leaves your body or mine... မင်းဖြစ်စေငါဖြစ်စေ နောက်ဆုံးထွက်သက်ကိုရောက်လာသည်အထိ ငါမင်းကိုချစ်သွားပါ့မယ်... #cover by mayalinkar❣️