~ 11 ~

373 60 50
                                    

" ဒေါက်တာ နိုးပြီလား! "

" အင်း....."

" ဒေါက်တာက အိပ်မှုန်စုပ်ဖွား၊မျက်ချီးတွေနဲ့တောင် ချစ်ဖို့ကောင်းနေတော့တာပဲဗျာ"

" ကိုကို ခဗျား နော်! "

" အဟား..."

မွေ့ယာပေါ်မှာစောင်ဆွဲခြုံလိုက်ပြီးအရှက်သည်းနေသည့် ထိုလူသားလေးကိုအုပ်မိုးချလိုက်ပြီး ပါးပြင်နုနုကိုတရွှတ်ရွှတ်...နဲ့မွှေးကြူလိုက်မိသည်။

" မွှေးနေတာပဲကွာ! "

" ကိုကို ခဗျားဘယ်လိုဖြစ်နေတာလဲဆို!"

"ဟားဟားဟား ! "

" ဖြန်းဖြန်းဖြန်း!! "

" မစတော့ဘူး မစတော့ဘူး၊
ရေသွားချိုးတော့နော် ပြီးရင် ရိုလာကိုစတာ သွားစီးကျစို့! "

" အင်း..ခဗျားက ရေချိုးပြီးပြီပေါ့"

" ကြာပေါ့ ကိုယ်ကဒေါက်တာလို
အိပ်ပုတ်လေးမဟုတ်ဘူးဗျ"

" ကိုကို ခဗျားနော်! "

ကိုယ်လက်သန့်စင်၊ရေချိုးပြီးနောက်
သူအပြင်ထွက်လာတော့ ထိုလူကြီးကသူ့လက်ကိုဆွဲယူပြီးကုတင်ပေါ်ထိုင်စေသည်။ထို့နောက် ဟိုတယ်သုံးတစ်ဘက်တစ်ထည်နဲ့သူ့ဆံနွယ်တွေကိုစတင်ပြီး ခပ်ဖွဖွသုတ်ပေးလေသည်။သူ့ဆံနွယ်တွေကြား ပြေးလွှားနေတဲ့ထိုလူကြီးလက်ချောင်းတွေက သူ့ဦးရေပြားကို မထိတထိလေးပွတ်တိုက်ကျီဆယ်နေသေးသည်။ထိုလူကြီးကို ခပ်မော့မော့စူးစိုက်ကြည့်လိုက်ရင်း အမေးစကားဆိုမိသည်။

" ကိုကို "

" ဟင်.."

" ကျွန်တော့်ကိုအရမ်းချစ်တာလား "

" အင်း...ကိုယ့် အသက်ထက်ပိုချစ်တယ် "

" ဘယ်လိုကြီးလဲ ပြောပြ "

" ကိုယ်ကစစ်သားဆိုတော့ ကိုယ့်အသက်က တိုင်းပြည်ကိုသစ္စာဆိုပြီးပေးထားရတယ်လေ "

" အင်း..."

" ကိုယ်က ဒေါက်တာကိုအသက်ထက်ပိုချစ်တယ်ဆိုတော့..ဒေါက်တာနဲ့ပတ်သတ်လာရင် သစ္စာခံထားတဲ့တိုင်းပြည်ကိုပါသစ္စာဖောက်ဖို့ ဝန်မလေးဘူး..အင်း အလို "

Army head & Doctor { Completed }Where stories live. Discover now